Connect with us

Videos

မြန်မာရေဘေး ပြန်လည် ထူထောင်ရေး “Support Myanmar” ပရဟိတ ဖျော်ဖြေပွဲ တရုတ်-မြန်မာ နှစ်နိုင်ငံ အနုပညာရှင်များ ပူးပေါင်း ပါဝင်၍ ဖျော်ဖြေ တင်ဆက်

ရန်ကုန် ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
မြန်မာ ရေဘေးသင့် ပြည်သူများအား စိတ်ဓာတ် ခွန်အား ဖြည့်ဆည်းပေးရန် နှင့် ရေဘေးသင့် ဒေသများ ပြန်လည် ထူထောင်ရေး အတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်၍ “Support Myanmar” ရေဘေး ပြန်လည်ထူထောင်ရေး ပရဟိတ ဖျော်ဖြေပွဲကြီးကို ယနေ့စက်တင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံ လေလုံ အားကစားကွင်း ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့သည်။
မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းနှင့် တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်းတို့မှ ပူးပေါင်းစီစဉ်သော “Support Myanmar” ရေဘေး ပြန်လည်ထူထောင်ရေး ပရဟိတ ဖျော်ဖြေပွဲတွင် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဌ ဦးစိန်ဝင်းအောင် ၊ တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်း ဒုတိယ ဥက္ကဌ ဖျန်ဖမ့် တို့က အဖွင့်အမှာ စကားများ ပြောကြား ပေးခဲ့ကြသည်။
ထို ပရဟိတ ဂီတဖျော်ဖြေပွဲ အဖွင့်တွင် မြန်မာနိုင်ငံမှ ကျောင်းသား လူငယ် အယောက် ၁၀၀ မှ ဖယောင်းတိုင်မီးထွန်း၍ ဆုတောင်း သီဆိုမှုများ ၊ ရေဘေးသင့် ဖြစ်ပွားခဲ့သည့် ရုပ်သံ မှတ်တမ်းများ ပြသပြီးနောက် မြန်မာ နာမည်ကြီး ဂီတ အနုပညာရှင်များမှ တေးသီချင်းများဖြင့် ကပြ ဖျော်ဖြေကြပြီး တရုတ်နိုင်ငံမှ အနုပညာရှင်များ မှလည်း တရုတ်ရိုးရာ တူရိယာ ပစ္စည်းများကို အဓိကအသုံးပြု၍ တရုတ်ရိုးရာ တေးဂီတများကို ဖျော်ဖြေ တင်ဆက်ပေးမည့် “ပေကျင်း Feng သံစုံတီးဝိုင်း” ၊ Idol Group “0086” ၊ တရုတ်နိုင်ငံ လိုင်ကျုံး သိုင်းလေ့ကျင့်ရေး ကျောင်းမှ ဝူရှူး အက အလှများဖြင့် ဖျော်ဖြေ တင်ဆက်ခြင်းများ အပါအဝင် အနုပညာရှင် ၆၀ ဦး ကျော်တို့မှ တင်ဆက် ပြသခဲ့ကြပါသည်။
ထို့ပြင် “Support Myanmar” ရေဘေး ပြန်လည် ထူထောင်ရေး ပရဟိတ ဖျော်ဖြေပွဲ အဆုံးသတ်တွင် တရုတ်-မြန်မာ ချစ်ကြည်ရေး သီချင်းအား အနုပညာရှင်များ အားလုံးက စုပေါင်း သီဆို ခဲ့ကြပါသည်။
ထို့အပြင် ရေဘေးသင့် ဒေသ များ ပြန်လည် ထူထောင်ရေး အတွက် စေတနာရှင်များမှလည်း ပရဟိတ ဖျော်ဖြေပွဲ ကျင်းပနေစဉ် အတွင်း ဆက်သွယ် လှူဒါန်းမှုများပြုလုပ်ခဲ့ကြပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.