Connect with us

Videos

Transformers စက်ရုပ်ပုံစံတူအား တရုတ်နိုင်ငံသားတစ်ဦးမှ ကိုယ်တိုင်ဖန်တီးထုတ်လုပ်

ဟူနန်၊ ဒီဇင်ဘာ (၁၅) ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ Transformers ရုပ်ရှင်သရဲ တစ်ဦးသည် ၎င်း ဇာတ်လမ်းထဲမှ ၁၂ မီတာအမြင့်ရှိသော စက်ရုပ်ကြီး တစ်ရုပ်အား ကိုယ်တိုင်ဖန်တီးခဲ့သည်။ အဆိုပါ စက်ရုပ်ကြီးသည် အလေးချိန်အားဖြင့် တန် ၂ဝ ရှိပြီး အလင်းရောင်များနှင့် မီးခိုးထုတ်လွှတ်မှု စနစ်များပါ ပါဝင်သည့်အပြင် သီချင်းသံ ပါထုတ်လွှင့်ပေး သည်။ အဆိုပါ စက်ရုပ် ကိုယ်ထည်အား မော်တော်ဆိုင်ကယ်အစိတ်အပိုင်း များအားအသုံးပြုကာ ဟူနန်ပြည်နယ်မှ စက်ပြင်ဆရာ နှင့် ၎င်း ၏ အဖွဲ့ မှ အစအဆုံး ကိုယ်တိုင် handmade ဖန်တီးခဲ့သည်။ အဆိုပါ စက်ရုပ်အားဖန်တီးရန် အစိတ်အပိုင်းပေါင်း ၂ထောင်ကျော် အသုံးပြုခဲ့ရကြောင်း၊ ရက်ပေါင်း ၁၁ဝ အချိန်ယူပြီးဖန်တီးခဲ့ရကြောင်း၊ လေပြင်း တိုက်ခိုက်မှုဒဏ်အား ခံနိုင်ရည်ရှိစေရန် ဖန်တီးထားကြောင်းသိရသည်။ ၎င်းတို့အဖွဲ့သည် ၂ဝဝ၆ ခုနှစ်ကတည်းက transformer ပုံစံ စက်ရုပ်များအား စတင်တီထွင်ဖန်တီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.