Africa & Middle East
အမေရိကန်နိုင်ငံက ဂါဇာရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြေလျှော့ရန် တည်ဆောက်ပေးထားသော ယာယီဆိပ်ကမ်းက သိသိသာသာ ပံ့ပိုးကူညီမှု မပြုခဲ့ကြောင်း ဟားမက်စ် ပြောကြား

ဂါဇာ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းကမ်းရိုးတန်းတွင် အမေရိကန်နိုင်ငံမှ တည်ဆောက်ပေးထားသော ယာယီဆိပ်ကမ်းသည် စတင်ဖွင့်လှစ်ချိန်မှစ၍ ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို လျော့ပါးစေရန်အတွက် သိသိသာသာ ပံ့ပိုးကူညီမှု မပြုခဲ့ကြောင်း၊ ယင်းဆိပ်ကမ်းမှတစ်ဆင့် “အရေအတွက် အလွန်ကန့်သတ်ထားသော” ကုန်ပစ္စည်းများသာ ဂါဇာကမ်းမြောင်ဒေသသို့ ရောက်ရှိကြောင်း ပါလက်စတိုင်းအစ္စလာမ္မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) မီဒီယာရုံးက ထုတ်ပြန်ကြေညာခဲ့သည်။
အမေရိကန်စစ်တပ်က မြေထဲပင်လယ်အနီး ဂါဇာကမ်းမြောင်ဒေသ ရေပိုင်နက်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက် ယာယီဆိပ်ကမ်းတစ်ခု တည်ဆောက်မည်ဟု အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်က ယခုနှစ်မတ်လ နိုင်ငံတော်မိန့်ခွန်း ပြောကြားစဉ်တွင် ကြေညာခဲ့ကြောင်း၊ မေ ၁၇ ရက်တွင် ယင်းယာယီဆိပ်ကမ်းကို စတင်အသုံးပြုခဲ့ကြောင်း သိရသည်။ (Xinhua)
————————————-
哈马斯:美国建造的临时码头未对缓解加沙人道危机“作出任何重要贡献”
新华社加沙6月10日电(记者黄泽民)巴勒斯坦伊斯兰抵抗运动(哈马斯)媒体办公室10日发表声明说,美国在加沙地带中部海岸建造的临时码头自启用以来没有为缓解当地人道主义危机“作出任何重要贡献”,只有“数量非常有限”的货物通过该码头进入加沙地带。
美国总统拜登今年3月发表国情咨文演讲时宣布,美军将在地中海靠近加沙地带水域建造一个用于人道主义援助的临时码头。5月17日,临时码头开始启用。