Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အီရန် ယာယီနိုင်ငံခြားရေးဝန်ကြီး Ali Bagheri Kani ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပသော ပါလက်စတိုင်းအဖွဲ့အသီးသီး ရင်ကြားစေ့ရေး တွေ့ဆုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တက်ရောက်နေသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖိတ်ကြားချက်အရ အီရန် ယာယီနိုင်ငံခြားဝန်ကြီး Ali Bagheri Kani နှင့် ဩဂုတ် ၁၁ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။
ထိုသို့ ဆက်သွယ်ဆွေးနွေးရာတွင် ဝမ်ရိက တရုတ်နိုင်ငံသည် မဟာဗျူဟာအဆင့်၊ ရေရှည်အမြင်ဖြင့် တရုတ်-အီရန် ဆက်ဆံရေးကို အစဉ်အမြဲ တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ အီရန်အစိုးရသစ်နှင့်အတူ အပြန်အလှန် ဗဟိုအကျိုးစီးပွားနှင့်ဆက်စပ်သည့် ကိစ္စရပ်များတွင် အပြန်အလှန် ဆက်လက် ခိုင်မာစွာ ထောက်ခံအားပေးခြင်း၊ ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို တည်ငြိမ်စွာ တွန်းအားပေးခြင်းဖြင့် တရုတ်-အီရန် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ အနက်အဓိပ္ပါယ်သစ်ကို စဉ်ဆက်မပြတ် ဖြည့်တင်းသွားလိုကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံအနေဖြင့် ကျင်းပသော လှုပ်ရှားမှုများတွင် အီရန်နိုင်ငံ တက်ကြွစွာ ပါဝင်ရန် ဖိတ်ခေါ်ကြောင်း၊ အီရန်နိုင်ငံနှင့်အတူ BRICS နိုင်ငံများ ယန္တရား မူဘောင်ရှိ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားပြီး နိုင်ငံတကာ စီမံခန့်ခွဲမှု ပို၍ တရားမျှတ၊ သင့်လျော်မှုရှိသော ဦးတည်ရာသို့ တိုးတက်အောင် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

Ali Bagheri Kani က Masoud Pezeshkian ၏ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ရန် သမ္မတ ရှီကျင့်ဖိန် အထူးသံတမန်စေလွှတ်သည့်အပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် နိုင်ငံတကာဒေသတွင်းအခြေအနေ ပြောင်းလဲမှု၏ သက်ရောက်မှု မရှိစေရန် သမ္မတ Masoud Pezeshkian အနေဖြင့် အီရန်-တရုတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်အောင် ခိုင်မာစွာ အားထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် အရှေ့အလယ်ပိုင်းအခြေအနေများကို အဓိကထား၍ အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြသည်။ Ali Bagheri Kani က အီရန်အနေဖြင့် ဟားမက်စ် ခေါင်းဆောင် Ismail Haniyeh လုပ်ကြံခံရမှုအပေါ်ထားရှိသည့် ရပ်တည်ချက်နှင့် ဒေသတွင်းအခြေအနေများ၏ သဘောထားကို မိတ်ဆက်ပြောကြားခဲ့သည်။ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခတွင် တရုတ်နိုင်ငံက တရားမျှတသည့်ရပ်တည်ချက် ရှိသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ အခြေအနေများ ပြေလျော့ရေး၊ အရှေ့အလယ်ပိုင်းလုံခြုံမှုမြှင့်တင်ရေးတွင် တရုတ်နိုင်ငံက ပိုမိုကြီးမားသည့် အခန်းကဏ္ဍမှပါဝင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝမ်ရိက အရှေ့အလယ်ပိုင်းအရေးကိစ္စတွင် တရုတ်နိုင်ငံသည် တရားမျှတမှုကို အစဉ်အမြဲလက်ကိုင်ထားကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံက လုပ်ကြံသတ်ဖြတ်မှုလုပ်ရပ်များကို ပြတ်ပြတ်သားသား ဆန့်ကျင်သလို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း ၊ ထိုလုပ်ရပ်မျိုးသည် နိုင်ငံတကာဆက်ဆံရေး အခြေခံမူကို ဆိုးရွားစွာ ချိုးဖောက်ခြင်း၊ အီရန်နိုင်ငံ၏ အချုပ်အခြာအာဏာ လုံခြုံရေးနှင့် ဂုဏ်သိက္ခာကို ဆိုးရွားစွာ ထိပါးခြင်း၊ ဂါဇာအပစ်ရပ်ရေး ဆွေးနွေးမှုဖြစ်စဉ်ကို တိုက်ရိုက်ဖျက်ဆီးခြင်း၊ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ရိုက်ခတ်ခြင်း ဖြစ်သည်ဟု ယူဆကြောင်း၊ လက်ရှိ အရေးကြီးဆုံးကိစ္စမှာ နိုင်ငံတကာအသိုက်အဝန်း သွေးစည်းညီညွတ်ရမည် ဖြစ်ပြီး လုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာဆုံးဖြတ်ချက်ကို ပဋိပက္ခနှင့်သက်ဆိုင်သူများ လက်တွေ့ အကောင်အထည်ဖော်ဆောင်ရန် တိုက်တွန်းရမည်ဖြစ်ကာ ဂါဇာ ဘက်စုံ ထာဝရအပစ်ရပ်ရေးအတွက် အခြေအနေများကို လျင်မြန်စွာ ဖန်တီးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………………
(Chinese Version)
王毅同伊朗代外长巴盖里通电话
新华社北京8月11日电 8月11日,中共中央政治局委员、外交部长王毅应约同伊朗代外长巴盖里通电话。
王毅说,中方始终从战略高度和长远角度把握推进中伊关系,愿同伊朗新政府一道,继续在涉及彼此核心利益问题上坚定相互支持,稳步推进各领域务实合作,不断为中伊全面战略伙伴关系增添新内涵。欢迎伊方积极参与中方作为上海合作组织轮值主席国主办的活动。愿同伊方在金砖国家机制框架内加强合作,推动国际治理朝着更加公正、合理的方向发展。
巴盖里表示,感谢习近平主席派特使出席佩泽希齐扬总统就职仪式。佩泽希齐扬总统坚定致力于发展伊中关系,确保两国关系不受国际地区形势变化影响。
双方重点就中东局势交换意见。巴盖里介绍了伊方对哈马斯领导人哈尼亚遭暗杀的立场和对地区局势的看法。感谢中方在巴以冲突问题上秉承公正立场,期待中方为缓和局势、促进中东安全发挥更大作用。
王毅表示,中方在中东事务上一贯主持公道正义。中方坚决反对并强烈谴责暗杀行为,认为这种做法严重违反国际关系基本准则,严重侵犯伊朗主权安全和尊严,直接破坏加沙停火谈判进程,冲击地区和平稳定。当务之急是国际社会应形成合力,敦促冲突各方切实执行安理会有关决议,为尽快实现加沙全面永久停火创造条件。(完)
1. 7月23日,中共中央政治局委员、外交部长王毅在北京出席巴勒斯坦各派内部和解对话闭幕式,见证巴勒斯坦14个派别共同签署《关于结束分裂加强巴勒斯坦民族团结的北京宣言》。 新华社记者 翟健岚 摄