Connect with us

Africa & Middle East

နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်းတွင် တက္ကသိုလ်ကျောင်းသား ၂၀ ဦး ထက်မနည်း ပြန်ပေးဆွဲခံရ

အဘူဂျာ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း Benue ပြည်နယ်၌ သြဂုတ် ၁၅ ရက် ညနေပိုင်းတွင် တက္ကသိုလ်ကျောင်းသား ၂၀ ထက်မနည်း ပြန်ပေးဆွဲခံရကြောင်း ယင်းနိုင်ငံ ရဲတပ်ဖွဲ့က သြဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။နိုင်ဂျီးရီးယားနိုင်ငံရှိ Jos တက္ကသိုလ်မှ ကျောင်းသား ၂၀ ဦး ထက်မနည်းကို သြဂုတ် ၁၅ ရက် ညနေပိုင်းတွင် Benue ပြည်နယ် Otukpo မြို့ ၌ ပြန်ပေးဆွဲသွားကြောင်း၊ အဆိုပါကျောင်းသားများသည် မူလက နိုင်ဂျီးရီးယားတောင်ပိုင်း Enugu ပြည်နယ်သို့ သွားရောက်၍ အစည်းအဝေးတစ်ခု တက်ရောက်ရန် စီစဉ်ထားရာ လမ်းတွင် လက်နက်ကိုင်များ ချုံခိုတိုက်ခိုက်ကာ ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရကြောင်း Benue ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Catherine Sewuese Anene က ဆင်ဟွာသတင်းထောက်အား ဖုန်းဖြင့် ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့သည် အဆိုပါ အဖြစ်အပျက်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ပြန်ပေးဆွဲသူများကို ဖမ်းဆီးကာ ပြန်ပေးဆွဲခံရသော ကျောင်းသားများကို ကယ်တင်ခဲ့ကြောင်း Anene က ပြောကြားခဲ့သည်။

လက်နက်ကိုင် တိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးသူနှင့် ပြန်ပေးဆွဲခံရသူ အမြောက်အမြား ဖြစ်ပေါ်ခဲ့ခြင်းသည် နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများ၏ အဓိက လုံခြုံရေးခြိမ်းခြောက်မှုများ အနက်တစ်ခုဖြစ်သည်။ ယခုနှစ် မေလတွင် နိုင်ဂျီးရီးယားနိုင်ငံ မြောက်အလယ်ပိုင်း Kogi ပြည်နယ်ရှိ တက္ကသိုလ်တစ်ခုအား လက်နက်ကိုင်များ တိုက်ခိုက်ခဲ့ရာ ကျောင်းသား အများအပြား ပြန်ပေးဆွဲ ခံခဲ့ရကြောင်း သိရသည်။ (Xinhua)

…………………………………
(Chinese Version)
尼日利亚中部至少20名大学生遭绑架
新华社阿布贾8月16日电(记者杨喆 侯鸣)尼日利亚警方16日说,至少20名大学生15日晚在该国中部贝努埃州遭绑架。
贝努埃州警方发言人凯瑟琳·阿内内在电话中告诉新华社记者,尼日利亚乔斯大学至少20名学生15日晚在贝努埃州城镇奥图波被绑架,这些学生原计划前往尼南部埃努古州参加一场会议,途中遭到武装分子伏击并被劫持为人质。
阿内内说,警方已对该事件展开调查,抓捕绑架者并营救被绑架的学生。
武装袭击造成大量人员伤亡和被绑架,一直是尼日利亚北部和中部地区的主要安全威胁之一。今年5月,尼中北部科吉州一所大学遭武装分子袭击,多名学生遭绑架。(完)