Connect with us

Africa & Middle East

ပါကစ္စတန်နိုင်ငံတွင် မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နှစ်လအတွင်း အနည်းဆုံး လူ ၂၉၃ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ လာဟိုးလ်မြို့တွင် မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းခြင်းမှ ဖြစ်ပေါ်သော မြို့ပြရေလျှံမှုကြောင့် ဒေသခံပြည်သူများအတွက် အခက်အခဲဖြစ်စေခဲ့သည်ကို ဇူလိုင် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

ယခုနှစ် ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ နှစ်လအတွင်း မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းခြင်းမှ ဖြစ်ပေါ်သော ကပ်ဘေးကြောင့် ၎င်းနိုင်ငံတွင် အနည်းဆုံး လူ ၂၉၃ ဦး သေဆုံးပြီး ၅၆၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနက စက်တင်ဘာ ၂ ရက် အစီရင်ခံစာ၌ ဖော်ပြထားသည်။အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်နှင့် အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်များသည် ကပ်ဘေးဒဏ် အဆိုးရွားဆုံးခံရသည့် ဒေသများ ဖြစ်ကြောင်း၊ မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းခြင်းမှ ဖြစ်ပေါ်သော ကပ်ဘေးကြောင့် အဆိုပါပြည်နယ်နှစ်ခုတွင် အနည်းဆုံး လူ ၁၁၂ ဦးနှင့် ၈၈ ဦး အသီးသီးသေဆုံးခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ ပါကစ္စတန်နိုင်ငံတစ်ဝန်းတွင် အနည်းဆုံး အိမ်ခြေ ၁၉,၅၇၂ ခု၊ တံတား ၃၉ စင်းနှင့် လမ်းမအရှည် ၁၁၉ ကီလိုမီတာမှာ ကပ်ဘေးအတွင်း ပျက်စီးခဲ့ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံ လာဟိုးလ်မြို့တွင် မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းခြင်းမှ ဖြစ်ပေါ်သော မြို့ပြရေလျှံမှုကြောင့် ဒေသခံပြည်သူများအတွက် အခက်အခဲဖြစ်စေခဲ့သည်ကို ဇူလိုင် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လက်ရှိ ပါကစ္စတန်အစိုးရသည် နိုင်ငံတစ်ဝန်းတွင် ယာယီဆေးဘက်ဆိုင်ရာကုသရေးနှင့် ကယ်ဆယ်ရေးစခန်း ၃၁၀ ထူထောင်ထားပြီး ကပ်ဘေးသင့်ပြည်သူ ၉,၆၂၅ ဦးအား အရေးပေါ်ပြန်လည်နေရာချထားကာ မိုးကာတဲ၊ စောင်၊ ခြင်ထောင်စသည့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးပစ္စည်းအမျိုးမျိုး ၁၀၀,၀၀၀ ကျော်ကို နိုင်ငံအနှံ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။ ( Xinhua)

……………………….

(Chinese Version)
巴基斯坦季风暴雨两个月来造成至少293人死亡
新华社伊斯兰堡9月3日电(记者蒋超)巴基斯坦国家灾害管理局2日发布报告说,今年7月1日至8月31日的两个月内,季风暴雨引发的灾害已在该国造成至少293人死亡、564人受伤。
报告说,东部旁遮普省和西北部开伯尔-普什图省是受灾最严重的地区,季风暴雨引发的灾害在两省分别造成至少112人和88人死亡。巴全国至少有19572间房屋、39座桥梁和119公里道路在灾害中遭毁。
目前,巴政府已在全国设立310座临时医疗和救援营地,紧急安置了9625名受灾民众,并向全国派发了逾十万件帐篷、毛毯、蚊帐等各类救援安置物资。(完)
图说:7月12日,在巴基斯坦拉合尔,由季风暴雨引发的城市内涝给民众生活带来不便。