Connect with us

Asia

အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရာလာပြည်နယ်၌ မြေပြိုမှုများ ဖြစ်ပွား၊ လူ ၁ဝဝ နီးပါး သေဆုံး

အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရာလာပြည်နယ်တွင် မြေပြိုမှုဖြစ်ပွားသော နေရာ၌ ကယ်ဆယ်ရေးဆောင်ရွက်နေသူများကို ၂၀၂၄ ခုနှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရာလာပြည်နယ်တွင် ဇူလိုင် ၃၀ ရက်၌ မြေပြိုမှုများဖြစ်ပွားရာ အနည်းဆုံး လူ ၉၅ ဦးသေဆုံးပြီး ၁၁၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောကြားသည်။
ကီရာလာပြည်နယ် ဝါယာနတ်ခရိုင် မက်ပါဒီဒေသတွင် ဇူလိုင် ၃၀ ရက် နံနက် ၂ နာရီက ဒေသခံများအိပ်နေချိန်တွင် အနည်းဆုံး မြေပြိုမှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ မြေပြိုမှုများကြားတွင် ပိတ်မိနေသည့် ဒေသခံများကို ကူညီကယ်ဆယ်ရေးဆောင်ရွက်ရန် အိန္ဒိယတပ်မတော်သားများက ဆောင်ရွက်နေ သည်။
မြေပြိုမှုဖြစ်ပွားရာဒေသရှိ ဒေသခံများမှာ ပြည်နယ်အတွင်းရှိ ချာလီယာမြစ်အတွင်း ရေစီးဖြင့်မျောပါခဲ့ပြီး ဝါယာနတ်ခရိုင်ရှိ တံတားတစ်စင်းကျိုးကျ ပျက်စီးခဲ့သည်။
အိန္ဒိယတပ်မတော်မှ ဆေးတပ်ဖွဲ့ဝင်များအပါအဝင် တပ်ဖွဲ့ဝင် ၂၂၅ ဦးအား အခင်းဖြစ်ဒေသ သို့စေလွှတ်ခဲ့ပြီး လေတပ်မှ ရဟတ်ယာဉ်နှစ်စင်းကိုကူ ညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် စေလွှတ်ခဲ့သည်။ (Xinhua)
………………………..
(English Version)
Nearly 100 killed in South India landslides
NEW DELHI, July 30 (Xinhua) — The death toll in Tuesday’s multiple landslides in India’s southern state of Kerala further rose to 95, with more than 110 people injured, a local police officer told Xinhua over phone.
At least three massive landslides struck the Meppadi area of Kerala’s Wayanad district at around 02:00 a.m. local time when the people were asleep. Those injured were admitted to a local hospital.Many people were feared to have been washed away in the Chaliyar river.
According to the Indian Army, they had deployed 225 personnel, including medical teams. Two Indian Air Force helicopters, a Mi-17 and an Advanced Light Helicopter, were put into rescue operations. ■
This photo provided by India’s National Disaster Response Force (NDRF) shows rescuers working at the site of landslides in India’s southern state of Kerala, July 30, 2024. (NDRF/Handout via Xinhua)