Connect with us

Europe

ထရမ့်-ပူတင် ဆွေးနွေးမှုမတိုင်မီ ဇယ်လန်းစကီးနှင့် မက်ခရွန်တို့ တယ်လီဖုန်းဖြင့်ဆွေးနွေး

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပကောင်စီ ထိပ်သီးအစည်းအဝေးမတိုင်မီ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး မီဒီယာများနှင့် တွေ့ဆုံနေပုံကို ၂၀၂၄ ခုနှစ် ဇွန် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ မတ် ၁၈ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာတီမာ ပူတင်တို့၏ ဆွေးနွေးမှုမတိုင်မီ မတ် ၁၇ ရက်က ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နှင့် တယ်လီဖုန်းဖြင့် ဆွေးနွေးပြောဆိုခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
“သမ္မတထရမ့်နှင့် ပူတင်တို့ရဲ့ ဆွေးနွေးမှု၊ ဥရောပမှာပြုလုပ်မယ့် အစည်းအဝေးတွေမတိုင်ခင်မှာ ကျွန်တော်တို့ရဲ့ သဘောထားတွေကို ပေါင်းစပ်ညှိနှိုင်းခဲ့ပါတယ်” ဟု ဇယ်လန်းစကီးက ညနေခင်းမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ ယူကရိန်းအား ထောက်ခံပံ့ပိုးမှုအတွက် သမ္မတမက်ခရွန်နှင့် ပြင်သစ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်းလည်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
သီးခြားအနေဖြင့် မက်ခရွန်ကလည်း ၎င်းတို့၏ ဆွေးနွေးမှုအတွင်း ဇယ်လန်းစကီးက ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရန် အမေရိကန်၏ အဆိုပြုချက်ကို လက်ခံမည်ဟု ထပ်လောင်းကတိပြုခဲ့ကြောင်း X ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွင် ရေးသားခဲ့သည်။ “အခုချိန်မှာ ရုရှားအနေနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတယ်ဆိုတာကို သက်သေပြရတော့မှာပါ” ဟု မက်ခရွန်က ဆိုသည်။
ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် မတ် ၁၈ ရက်၌ ပူတင်နှင့် ဆွေးနွေးရန် စီစဉ်ထားကြောင်း ထရမ့်က ပြောကြားခဲ့သည်ဟု ယင်းနေ့အစောပိုင်းတွင် အမေရိကန် မီဒီယာများက ဖော်ပြခဲ့သည်။ (Xinhua)
………………………………………………………………………………………..
(English Version)
Zelensky, Macron hold phone talks ahead of Trump-Putin conversation
KIEV, March 17 (Xinhua) — Ukrainian President Volodymyr Zelensky said he spoke by phone with French President Emmanuel Macron on Monday ahead of an upcoming conversation between U.S. President Donald Trump and Russian President Vladimir Putin.
“We coordinated our positions ahead of the conversation between President Trump and Putin and the upcoming meetings in Europe,” Zelensky said in his evening address.
Zelensky expressed gratitude to Macron and France for their support for Ukraine.
Separately, Macron wrote on social media platform X that during their talks Zelensky reiterated his commitment to accepting the U.S. proposal for a 30-day ceasefire.
“It is now up to Russia to prove that it truly wants peace,” Macron said.
Earlier in the day, U.S. media reported that Trump said he planned to talk with Putin on Tuesday about ending the Russia-Ukraine conflict.
English Caption
Ukrainian President Volodymyr Zelensky speaks to the media before a European Council summit in Brussels, Belgium, June 27, 2024. (Xinhua/Zhao Dingzhe)