Connect with us

China

Dell ကွန်ပြူတာ နည်းပညာ ကုမ္ပဏီမှ လာမည့် ၅ နှစ် အတွင်း တရုတ် နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁၂၅ ဘီလီယံ ပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်

Dell ကုမ္ပဏီ ဘုတ်အဖွဲ့ ဥက္ကဌ နှင့် အမှူဆောင် အရာရှိချုပ် Michael S. Dell မှ စက်တင်ဘာ ၁၀ ရက်နေ့ ၌ ရှန်ဟိုင်း မြို့တွင် Dell ကုမ္ပဏီ ၏ တရုတ် နိုင်ငံ စီးပွားရေး အပေါ် မဟာဗျူဟာ နှင့် ပတ်သက်၍ မိန့်ခွန်း ပြောကြား နေစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ကမ္ဘာ့နာမည်ကျော် အိုင်တီ နည်းပညာ ကုမ္ပဏီ ဖြစ်သည့် Dell ကုမ္ပဏီ သည် လာမည့် ၅ နှစ်တာ ကာလ အတွင်း တရုတ် နိုင်ငံ ဈေးကွက်သို့ ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁၂၅ ဘီလီယံ ပြုလုပ် သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၁၀ ရက်နေ့က တရုတ် နိုင်ငံ ရှန်ဟိုင်းမြို့တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

Dell ကုမ္ပဏီ ဘုတ်အဖွဲ့ ဥက္ကဌ နှင့် အမှုဆောင် အရာရှိချုပ် Michael S. Dell မှ ဤ ကြီးမားသော ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရခြင်းသည် Dell ကုမ္ပဏီ မှ တရုတ်နိုင်ငံ စီးပွားရေး အပေါ် အပြည့်အဝ ယုံကြည်ခြင်းနှင့် တရုတ်နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များ၏ ဆန်းသစ်တီထွင်မှု အောင်မြင်ဖြစ်ထွန်း နေသည်ကို ပေါ်လွင် စေကြောင်း ၊ Dell အနေဖြင့် တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီများနှင့် ပူးပေါင်းကာ တိုးတက်မှု အားအင်အသစ်များ ဖြစ်ပေါ် လာစေရန် ဆန္ဒရှိကြောင်း ပြောကြား ခဲ့သည်။

Michael S. Dell မှ Dell ကုမ္ပဏီ၏ တရုတ် နိုင်ငံစီးပွားရေး အပေါ် မဟာဗျူဟာမှာ တရုတ် နိုင်ငံတွင် Dell ကုမ္ပဏီ တည်ရှိ၍ တရုတ်+နိုင်ငံ အတွက် ဆောင်ရွက်ကာ ၊ တရုတ် နိုင်ငံ ဈေးကွက် မရှိပါက Dell ၏ အနာဂတ်လည်း ရှိမည် မဟုတ်ကြောင်း အထူး ပြောကြား ခဲ့သည်။

Dell ၏ အမေရိကန် ဒေါ်လာ၁၂၅ ဘီလီယံ အား ၅ နှစ် အတွင်း တရုတ် နိုင်ငံ သို့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း သည် အဓိက အား ဖြင့် ကဏ္ဍ ၅ ခု ခွဲထားခဲ့သည်။ ၎င်းတို့မှာ (၁) Dell ၏ လုပ်ငန်း ရင်းနှီးမြှုပ်နှံမှု ရံပုံငွေ အား တရုတ် နိုင်ငံ အတွင်းသို့ စီးဆင်း စေမည် ဖြစ်ပြီး တရုတ် နိုင်ငံ အစိုးရ ဖော်ဆောင်နေသည့် အများပြည်သူများ အားလုံး လုပ်ငန်းသစ် ထူထောင်ခြင်း နှင့် လုပ်ငန်းပုံစံ အသစ် ဆောင်ရွက်ခြင်း အား နက်ရှိုင်းစွာ ပါဝင် ဆောင်ရွက်သွားခြင်း ၊ (၂) တရုတ် နိုင်ငံ ၏ အစိုးရ မဟာဗျူဟာ ဖြစ်သည့် အင်တာနက် ဝန်ဆောင်မှု ချဲ့ထွင်ခြင်း ၊ အချက်အလက် သိုလှောင်ခြင်း ၊ Megadata နှင့် cloud computing စသည့် ကဏ္ဍ များတွင် တရုတ် နိုင်ငံ လုပ်ငန်း များ နှင့် ပိုမို ပူးပေါင်း ဆောင်ရွက်ခြင်း ၊ (၃) တရုတ် နိုင်ငံ သိပ္ပံ နှင့် နည်းပညာ ဌာန နှင့် ပူးပေါင်း၍ “လူသားအသိပညာ နှင့် ခေတ်မီ တွက်ချက်မှု ပူးပေါင်းသုသေတန စမ်းသပ်ခန်း” တည်ထောင်ခြင်း ၊ (၄) တရုတ် နိုင်ငံ သုတေသန အဖွဲ့ အား ပိုမို တောင့်တင်းရန် တည်ဆောက်ပြီး တရုတ် နိုင်ငံ ဈေးကွက် ဝန်ဆောင်မှု အတွက် သီးသန့် သုသေတန စင်တာ တည်ဆောက် ခြင်း ၊ (၅) တရုတ် နိုင်ငံ လူငယ် ပညာရေး နှင့် နည်းပညာ လုပ်ငန်း များအတွက် လှူဒါန်း ထောက်ပံ့မှု များ ဆောင်ရွက်ခြင်း များ ပြုလုပ် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Dell ကုမ္ပဏီ ၏ တရုတ် နိုင်ငံ ဆိုင်ရာ ဥက္ကဌ ဟွမ်ချိန်ဟုန်မှ တရုတ် နိုင်ငံသည် အမေရိကန် ပြီးနောက် Dell ကုမ္ပဏီ၏ ဒုတိယ အကြီးဆုံး ဈေးကွက် ဖြစ်ကြောင်း ၊ ၂ နှစ်တာ ကာလ အတွင်း တရုတ် နိုင်ငံရှိ သုတေသန အဖွဲ့ဝင် ဦးရေ ၂၀၀၀ ခန့်ဖြင့် မြို့နယ်ပေါင်း ၂၂၀၀ တွင် အရောင်း ဆိုင်ခန်း ပေါင်း ၁၁,၇၀၀ ကျော် ရှိခဲ့ကြောင်း ၊ ဤသည် မှာလည်း Dell အနေဖြင့် တရုတ် နိုင်ငံ ဈေးကွက်သို့ အကြီးစား တိုးချဲ့ဆောင်ရွက်မှု အတွက် အာမခံချက် ဖြစ်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

Dell ကုမ္ပဏီ ၏ ကမ္ဘာ့ဈေးကွက်သို့ ဖြန်ဝေနေသော ကုန်ပစ္စည်း များ၏ ၆၅ ရာခိုင်နှုန်းသည် တရုတ် နိုင်ငံတွင် ထုတ်လုပ် နေခြင်း ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ၏ အစီအစဉ် ကျသော ဈေးကွက် ဖြန့်ဝေမှု ကွင်းဆက်များ ၊ အရည်အသွေးမြင့် လုပ်အား အရင်းအမြစ် ၊ အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းနှင့် အခြေခံ အဆောက်အဦး များသည် Dell ၏ ကုန်ပစ္စည်း ဖြန့်ဝေမှု အတွက် အားသာချက်များ ရရှိစေ ခဲ့သည်ဟု Dell ကုမ္ပဏီ အပြည်ပြည် ဆိုင်ရာ ဒုတိယ ဥက္ကဌ နှင့် သီးသန့် ကွန်ပြူတာ ဌာန အထွေထွေ မန်နေဂျာ SamBurd မှ ပြောကြား ခဲ့သည်။

Dell ကုမ္ပဏီ ၏ ခန့်မှန်းချက်အရ တရုတ် နိုင်ငံ သို့ လာမည့် ၅ နှစ် အတွင်း အမေရိကန် ဒေါ်လာ ၁၂၅ ဘီလီယံ ရင်းနှီးမြှုပ်နှံခြင်း ဖြင့် တရုတ် နိုင်ငံ အတွက် ကုန်သွယ်မှု ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၇၅ ဘီလီယံ တိုးမြှင့်ပေး နိုင်ရန် နှင့် အလုပ်အကိုင် အခွင်းအရေး နေရာပေါင်း ၁ သန်း ရရှိရန် မျှော်လင့်ထားကြောင်း ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.