Connect with us

China

တရုတ်နိုင်ငံနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ပိုမိုလုပ်ကိုင်ရန် နယူးယောက်ပြည်နယ် မျှော်လင့်

နယူးယောက် စတော့ဈေးကွက် ဖွင့်ပွဲတွင် တရုတ်နိုင်ငံပိုင် ICBC ငွေကြေးဝန်ဆောင်မှု လုပ်ငန်းအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက် ပြည်နယ်သည် တရုတ်နိုင်ငံနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ပိုမို ဆောင်ရွက်နိုင်ရန် မျှော်လင့် ထားကြောင်း နယူးယောက်ပြည်နယ် အစိုးရ အရာရှိတစ်ဦးက ကြာသပတေးနေ့မှာ ပြောပါသည်။

နယူးယောက် ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ကေသီဟိုချူ က “The Pursuit of Dream” & “Dream Journey” ခေါင်းစဉ်ဖြင့် တစ်လကြာ ပြုလုပ်မည့် ဓာတ်ပုံပြပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ထိုသို့ မှတ်ချက် ပြုခဲ့ခြင်း ဖြစ်သည်။

“ ကျွန်မတို့ နယူးယောက် ပြည်နယ် အနေနဲ့ တရုတ်နိုင်ငံမှ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု တွေကို မျှော်လင့်နေပါတယ်၊ ကျွန်မတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် ဈေးကွက်သစ်တွေ ဖော်ဆောင် တွန်းအားပေး နိုင်မဲ့ ဘယ်အရာမဆို ကျွန်မတို့ လုပ်ဆောင်သွားမှာပါ” ဟု သူမကပြောသည်။

ယင်းမှတ်ချက်နှင့် ပတ်သက်၍ နယူးယောက်ပြည်နယ် ဆိုင်ရာ တရုတ်နိုင်ငံ ကောင်စစ်ဝန် ကျန်းချီယွဲ့ က “တရုတ်နှင့် အမေရိကန်တို့ အကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု သည် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးတွင် ပိုမို၍ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာပါတယ်” ဟု ပြောပါသည်။

ထိုဓာတ်ပုံ ပြပွဲအား တရုတ်- အမရိကန် ဆက်ဆံရေး – ထင်ရှားသူများ၏ အလည်အပတ် ခရီးစဉ်များ၊ အမေရိကန်ရှိ တရုတ် လုပ်ငန်းများနှင့် ယဉ်ကျေးမှု ဖလှယ်ခြင်း စသော အပိုင်းသုံးပိုင်းဖြင့် ပြုလုပ်မည် ဖြစ်သည်။ အမေရိကန်နိုင်ငံရှိ တရုတ်အထွေထွေ ကုန်သည်ကြီးများ အသင်း (CGCC)၊ China Railway Rolling Stock Corporation (CRRC) နှင့် Fosun International limited တို့က အိမ်ရှင်အဖြစ် ပူးတွဲ လုပ်ဆောင်ကြခြင်း ဖြစ်သည်။

ဖွင့်ပွဲ အခမ်းအနားတွင် ဧည့်သည်တော်များ အားလုံးသည် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ က တရုတ်-အမေရိကန် ရထားလမ်း လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်း ရုပ်ရှင်အား ကြည့်ရှုခဲ့ကြပြီး ဒါဟာ လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ ခန့်ကတည်း အခြေခံ အဆောက်အအုံ တည်ဆောက်ရေးနှင့် ပတ်သက်၍ တရုတ်နှင့် အမေရိကန်နိုင်ငံ ဆက်ဆံရေး ရှိခဲ့ကြောင်းကို ရောင်ပြန်ဟပ် စေခဲ့ပါသည်။

ထိုမှတ်တမ်းရုပ်ရှင် ပြသပြီးနောက် CRRC ဒုတိယဥက္ကဋ္ဌ ယူဝေ့ဖိန် က ဘော့စတွန် CRRC ၏ လတ်တလော ရင်းနှီးမြှုပ်နှံမှု အကြောင်း မိတ်ဆက် ပြောကြားခဲ့ပြီး အမေရိကန် နိုင်ငံတွင် မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်းများတွင် ပါဝင်လိုသည့် သူတို့၏ ဆန္ဒများအား ဖော်ပြခဲ့သည်။

ဓာတ်ပုံပြပွဲအား အမေရိကန်နိုင်ငံ မန်ဟတ်တန်မြို့လယ်ရှိ ဖိုဆန် အပြည်ပြည်ဆိုင်ရာ အဆောက်အအုံ ဧည့်ခန်းမတွင် ပြသထားပြီး ပြပွဲတွင် ပါဝင်သော ဓာတ်ပုံပေါင်း ၁၀၀ မှာ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်း ဋ္ဌာနမှ ပါဝင်ပြသ ပေးထားခြင်း ဖြစ်ပြီး အောက်တိုဘာ ၁ ရက်နေ့အထိ အများပြည်သူများ ဝင်ကြေးအခမဲ့ဖြင့် ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း သိရသည်။ (Xinhua)