Connect with us

China

တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား ဒီဇင်ဘာလတွင် လွတ်လပ်သော ကုန်သွယ်ရေးဒေသ (FTZ) ဆွေးနွေးပွဲ တစ်ကျော့ပြန် ကျင်းပမည်

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ လွတ်လပ်သော ကုန်သွယ်မှုဇုန် မြင်ကွင်း (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်၊ ဂျပန် နှင့် တောင်ကိုရီးယား နိုင်ငံတို့သည် ကိုးကြိမ်မြောက် သုံးနိုင်ငံ လွတ်လပ်သော ကုန်သွယ်ရေး ဒေသ (FTZ) ဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲ ကို ဒီဇင်ဘာလ၌ ဂျပန် နိုင်ငံတွင် ကျင်းပမည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ချက်များ အရ ကြာသပတေးနေ့တွင် သိရသည်။

ပြီးခဲ့သည့် လအတွင်း ရှစ်ကြိမ်မြောက် ညှိနှိုင်း ဆွေးနွေးပွဲ ကို ပေကျင်းတွင် ကျင်းပခဲ့ရာ၌ သုံးနိုင်ငံသည် ကုန်သွယ်ရေး၊ ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှု နှင့် လွတ်လပ်သော ကုန်သွယ်ရေး ဒေသ ဆိုင်ရာ အမြင်များ ကို ဖယ်လှယ်ခဲ့ကြကြောင်း တရုတ် နိုင်ငံ စီးပွား ကူးသန်းဝန်ကြီး ဌာန မှ ပြောရေး ဆိုခွင့် ရှိသူ စိန်သန်းယံ က သတင်းစာ ရှင်းလင်းပွဲ ွင် ပြောကြားခဲ့သည်။

လွတ်လပ်သော ကုန်သွယ်ရေး ဒေသ ထူထောင်ခြင်းသည် စက်မှု လုပ်ငန်းဆိုင်ရာ အလားအလာများ ကောင်းမွန် လာစေရန် ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက် လာစေရန် နှင့် ဒေသတွင်း လုပ်ငန်းချင်း ပူးပေါင်း ဆောင်ရွက်မှု တိုးမြင့် လာစေရန် ကူညီ လုပ်ဆောင်ပေးနိုင်ကြောင်း ပြောရေး ဆိုခွင့်ရှိသူမှ ပြောကြားခဲ့သည်။

သုံးနိုင်ငံ စလုံးက အဆင့်မြင့် လွတ်လပ်သော ကုန်သွယ်ရေးဒေသ သည် အားလုံး၏ အကျိုးစီးပွား ဖြစ်ကြောင်း နှင့် ဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှု နှင့် ချမ်းသာကြွယ်ဝမှု ကို အကူအညီပေး နိုင်သည်ဆိုသည် အချက်အား သဘောတူခဲ့ကြောင်း စိန်က ပြောကြားခဲ့သည်။

ရှန် မှ ဆက်လက်၍ တရုတ်နိုင်ငံ အနေဖြင့် ညှိနှိုင်း ဆောင်ရွက်မှုများကို ဆက်လက် လုပ်ဆောင်နိုင်ရန် ဂျပန် ၊ တောင်ကိုရီယားနိုင်ငံ တို့ နှင့် ချိတ်ဆက် ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

နိုင်ငံ သုံးနိုင်ငံ ၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှု (GDP) နှင့် ပြည်ပ ကုန်သွယ်မှု ပမာဏ စုစုပေါင်းသည် တစ်ကမ္ဘာလုံး ၏ ၂၀ ရာခိုင်နှုန်းကျော် ရှိကြောင်းသိရသည်။ (Xinhua)