Connect with us

China

အာရှအခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) သဘောတူညီမှု စာချုပ် တွင် ပိုလန် နိုင်ငံ လက်မှတ်ရေးထိုး

ဇွန်လ အတွင်း ကကျင်းပသော အာရှအခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှုဘဏ် သဘောတူညီမှု စာချုပ် လက်မှတ်ရေးထိုးပွဲ အပြီး တက်ရောက်လာသူများမှ အမှတ်တရ ဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီး ဌာန အပြည်ပြည်ဆိုင်ရာ ငွေကြေး ပူပေါင်း ဆောင်ရွက်မှု ဌာနခွဲ က တရုတ် နိုင်ငံ ဆိုင်ရာ ပိုလန် သံအမတ်ကြီး လင်ယုံဖိန် မှ ပိုလန် အစိုးရ အား ကိုယ်စားပြု၍ ပေကျင်းမြို့၌ အာရှအခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) သဘောတူညီမှု စာချုပ် တွင် အောက်တိုဘာ ၉ ရက်က လက်မှတ် ရေးထိုး ခဲ့ကြောင်း အောက်တိုဘာလ ၁၂ ရက်တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

ပိုလန် နိုင်ငံသည် AIIB သဘောတူညီမှု စာချုပ် တွင် လက်မှတ် ပါဝင်ရေးထိုးသည့် ၅၃ နိုင်ငံ မြောက် နိုင်ငံ ဖြစ်သည်။ ယခု နှစ် ဇွန်လ ၂၉ ရက်တွင် AIIB မူလ အဖွဲ့ဝင် နိုင်ငံ ၅၇ နိုင်ငံ မှ ပေကျင်းမြို့တွင် ကျင်းပ သည့် AIIB သဘောတူညီမှု စာချုပ် လက်မှတ်ရေးထိုး ပွဲ အခမ်းအနား ကို တက်ရောက် ခဲ့ကြသည်။ သို့သော် ထိုနေ့တွင် နိုင်ငံ ပေါင်း ၅၇ နိုင်ငံ မှ အစိုးရ ကိုယ်စားလှယ် အားလုံးမှာ ပါဝင် လက်မှတ် ရေးထိုး နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

စည်းကမ်း သတ်မှတ်ချက် အရ အခြား လက်မှတ်ရေး ထိုးရန် ကျန်ရှိသော နိုင်ငံ များအနေဖြင့် ၂၀၁၅ ခုနှစ် နှစ်မကုန်မီ လက်မှတ်ရေးထိုး သွားရမည် ဖြစ်သည်။ ထို့ပြင် မူလ အဖွဲ့ဝင် နိုင်ငံ များအနေဖြင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မီ သက်ဆိုင်ရာ နိုင်ငံ ၏ လွှတ်တော် သို့မဟုတ် ဥပဒေ အဖွဲ့အစည်း မှ အတည်ပြု ခြင်းကို ရယူ ပြီးမှသာ AIIB ၏ မူလ အဖွဲ့ဝင် နိုင်ငံ အဖြစ် သတ်မှတ် မည် ဖြစ်သည်။ (Xinhua)