Connect with us

Local

စက်သုံးဆီ ဈေးနှုန်းများ ဈေးလျှော့ ရောင်းချ

ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင် တစ်ဆိုင်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

အများပြည်သူများ ဝယ်ယူသုံးစွဲမှု အဆင်ပြေစေရေးအတွက် စက်သုံးဆီ ဈေးနှုန်းများအား ဈေးလျှော့ ရောင်းချရန် ညှိနှိုင်း ဆောင်ရွက်လိုက်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့်ဖြူးရေး အသင်းမှ သိရသည်။

“စက်သုံးဆီက ပြည်ပကနေ တင်သွင်းတဲ့ ဈေးရှိတယ်။ဒီမှာ ရောင်းတဲ့ ဈေးတွေ ရှိပါတယ်။အဲဒီဈေးတွေ ကြည့်လိုက်တော့ အရင်းဈေးနဲ့ဆိုင်တွေမှာ ရောင်းတဲ့ ဈေးက တစ်အား ကွာနေတယ်လေ။ပြည်ပက သွင်းပြီး ဒီမှာ လက်ကား ရောင်းတာတွေ ရှိပါတယ်။လက်ကား ရောင်းဈေးကတော့ မကွာပါဘူး။ဒါပေမယ့် လက်လီဆိုင်တွေမှာ ရောင်းတဲ့ဈေးက ကွာနေတော့ ဒါကို သက်ဆိုင်ရာ ဝန်ကြီးဌာနကလည်း ဒါတွေကို သင့်တင့်တဲ့ ဈေးနှုန်း စိစစ်ပါအုန်း ဆိုတော့ မနေ့က ဒါကို စိစစ်ပြီးတော့မှ ဒီဈေးတွေတော့ ဖြစ်သင့်တယ်ဆိုပြီးတော့ ဈေးတွက်ပြီးတော့ လျှော့ခိုင်းလိုက်တာပါ။ဒါကလည်း အဲဒီဈေးထက် မပိုဘို့ပြောတာပါ။အဲဒီဈေး ရောင်းရမယ်လို့တစ်ပြေးညီ မဟုတ်ဘူး။ဒီထက် လျှော့ချင်ရင် လျှော့လို့ရသေးတယ်။တကယ်တမ်းဆိုရင် ဒီထက် နည်းနည်း ထပ်လျှော့သင့်သေးတယ်။ဒီလို သတ်မှတ်တယ်ဆိုတာကလည်း ညှိနှိုင်းတာပါ။တိုက်တွန်းတယ် ဆိုတဲ့ သဘောနဲ့ပြောလိုက်တာပါ။ဒီနေ့တော့ အတော်များများတော့ လိုက်နာကြတာကို တွေ့ရပါတယ်။”ဟု မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့်ဖြူးရေး အသင်းမှ အတွင်းရေးမှုး ဒေါက်တာ ဝင်းမြင့်က ယနေ့ဇန်နဝါရီ ၁၉ ရက်တွင် ဆင်ဟွာသို့ပြောသည်။
မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့်ဖြူးရေး အသင်းမှ သတ်မှတ်လိုက်သည့် စက်သုံးဆီ ဈေးနှုန်းများမှာ ဒီဇယ် တစ်လီတာလျှင် ၅၀၀ ကျပ် ၊ Ron 92 တစ်လီတာလျှင် ၅၅၀ ကျပ် ၊ အဆင့်မြင့် ဒီဇယ် တစ်လီတာလျှင် ၅၆၀ ကျပ်နှင့် Ron 95 တစ်လီတာလျှင် ၆၆၀ ကျပ်တို့ဖြစ်ကြောင်း သိရသည်။

စက်သုံးဆီ ဈေးနှုန်းများ ညှိနှိုင်း ရောင်းချနိုင်ရေးအတွက် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့်ဖြူးရေး အသင်းမှ စက်သုံးဆီ တင်သွင်း ရောင်းချဖြန့်ဖြူးသော ကုမ္ပဏီများထံ ဇန်နဝါရီ ၁၈ ရက်တွင် ညှိနှိုင်း အကြောင်းကြားစာ ပေးပို့ခဲ့ပြီး လက်လီ အရောင်းဆိုင်များ အနေဖြင့် သတ်မှတ်လိုက်သည့် ဈေးနှုန်းထား ထက် မပိုသော ဈေးနှုန်းများဖြင့် ရောင်းချပေးသွားနိုင်ရန် နှင့် မန္တလေးတိုင်း အတွင်းရှိ အရောင်းဆိုင်များအနေဖြင့်လည်း ရန်ကုန် ဈေးနှုန်းနှင့် ထိန်းညှိရောင်းချသွားနိုင်ရန် အကြောင်းကြားခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားမှ စက်သုံးဆီ တင်သွင်းသည့် ကုမ္ပဏီ စုစုပေါင်း ၅၀ ၊ ၆၀ ခန့်ရှိပြီး စက်သုံးဆီ အရောင်းဆိုင် ၂,၀၀၀ ခန့်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.