Connect with us

Local

မြန်မာနိုင်ငံ၏ ဒုတိယမြောက် နိုင်ငံတကာ အဆင့်မီ လမ်းလျှောက်ဈေးဖြစ်သည့် မင်္ဂလာမူဆယ် လမ်းလျှောက် ဈေးအား ယနေ့စတင် ဖွင့်လှစ်

မှုဆယ်ဗဟို စီးပွားရေးဇုန် စီမံကိန်း ဆိုင်းပုဒ်အားတွေ့ရစဉ် (ဓာတ်ပုံ- Mingalar Muse Facebook)

ရန်ကုန် ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

မြန်မာ- တရုတ် နယ်စပ် နှစ်နိုင်ငံ အကြား ရွှေလီ မြစ်ကမ်းဘေးတွင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် နိုင်ငံတကာ အဆင့်မီ လမ်းလျှောက်ဈေးဖြစ်သည့် မင်္ဂလာမူဆယ် လမ်းလျှောက် ဈေးအား ယနေ့ဇန်နဝါရီ ၁၉ ရက်တွင် (Soft Opening)အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာ-တရုတ် ကုန်စည်ပြပွဲ ဈေးရောင်းပွဲတော်များကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ ကမ်းနားလမ်း နှင့် ချစ်ကြည်ရေး လမ်းထောင့်ရှိ မှုဆယ် ဗဟို စီးပွားရေးဇုန် စီမံကိန်း၏ ပထမ ခြေလှမ်း အဖြစ် မင်္ဂလာမူဆယ် လမ်းလျှောက်ဈေးကို စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ဖွင့်ပွဲတွင် မြန်မာ-တရုတ် ထုတ်ကုန်ပစ္စည်း အမျိုးမျိုးတို့ကို ယနေ့ဇန်နဝါရီ ၁၉ ရက်မှ ၂၁ ရက်ထိ သုံးရက်တိုင်တိုင် နေ့စဉ် နံနက် ၈ နာရီမှ ည ၈ နာရီထိ ဖွင့်လှစ် ရောင်းချသွားမည် ဖြစ်သည့် အပြင် မြေနှင့် တိုက်ခန်းပါ တစ်ပါတည်း ပိုင်ဆိုင်နိုင်မည့် RC သုံးထပ် လူနေ ဆိုင်ခန်းများအား အရစ်ကျစနစ်ဖြင့် ရောင်းချခြင်းများ ပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။

မင်္ဂလာမူဆယ် လမ်းလျှောက်ဈေး အဝင်ဝကို တွေ့ရစဉ် (ဓာတ်ပုံ- Mingalar Muse Facebook)

မူဆယ်ဗဟို စီးပွားရေးဇုန် စီမံကိန်းသည် ရှမ်းပြည်နယ် အစိုးရ ဒေသန္တရ ဖွံ့ဖြိုးရေး စီမံကိန်း ကော်မတီနှင့် နယူးစတားလိုက် ဆောက်လုပ်ရေး ကုမ္ပဏီ လီမိတက်တို့က အကျိုးတူ ပူးပေါင်း ဆောင်ရွက်ကြခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.