Connect with us

Local

ကုန်းတွင်းဆိပ် ရှစ်ခုကို၂ဝ၂ဝ ပြည့်နှစ်တွင် အပြီးသတ် တည်ဆောက်မည်

မြန်မာနိုင်ငံ၏ အချက်အချာကျသော ရန်ကုန်သဘောင်္ ဆိပ်ကမ်းအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် Dry Port (ကုန်းတွင်းဆိပ်) ရှစ်ခုကို ၂ဝ၂ဝ ပြည့်နှစ်တွင် အပြီးသတ် တည်ဆောက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထား ပို့ဆောင်ရေး လုပ်ငန်းမှ Dry Port ကုန်းတွင်းဆိပ် စီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့၌ Dry Ports နှစ်ခုအား စတင် တည်ဆောက်နေပြီး တမူး၊ မူဆယ်၊ မော်လမြိုင်၊ ပဲခူး၊ မုံရွာနှင့် ပြည်မြို့နယ်တို့ တွင်လည်း ဆက်လက် တည်ဆောက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘ယင်း Dry Ports သည် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုတွင် ကုန်ပစ္စည်းများအား သိုလှောင်ခြင်း၊ တင်ချ ပြုလုပ်ခြင်း၊ အကောက်ခွန်ဆိုင်ရာ ထိန်းချုပ်မှုများ၊ သယ်ယူပို့ဆောင်မှုများတွင် ထောက်ပံ့မှုနှင့် စီမံခန့်ခွဲမှုများ ပြုလုပ်ပေးမည့် နေရာတစ်ခု ဖြစ်လာမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် Dry Port များ တည်ဆောက်ပြီးပါက အရှေ့တောင်အာရှနှင့် အာရှနိုင်ငံများ အကြား ကုန်သွယ်မှုများတွင် ဆက်သွယ်နိုင်မည့် အချက်အချာ နေရာတစ်ခု ဖြစ်ခြင်းကြောင့် စီးပွားရေးအရ အခွင့်အလမ်းများ များစွာ ရရှိလာမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ Dry Port (ကုန်းတွင်းဆိပ်)များကို ရထားပို့ဆောင်ရေး ဝန်ကြီးဌာနပိုင် မြေများတွင် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (UNESCAP) ၏ ကုန်းတွင်းဆိပ်များ ဆိုင်ရာ အစိုးရများ အကြား သဘောတူညီချက် စာချုပ်ကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလတွင် လက်မှတ် ရေးထိုးထားခြင်းကြောင့် ကုန်းတွင်းဆိပ် ရှစ်ခု တည်ဆောက်ရခြင်း ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117