Connect with us

Local

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နယ်စပ်ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၀ ဒသမ ၅ ဘီလီယံကျော်ရှိ

ထီးခီးကုန်သွယ်ရေး စခန်း၌ ကုန်ပစ္စည်း နှင့် လူဝင်/ထွက် စစ်ဆေးနေမှုများအား တွေ့ရစဉ်(ဓာတ်ပုံ - Commerce)

ရန်ကုန် ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
နယ်စပ်ကုန်သွယ်ရေးစခန်းများ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၁၀ ဒသမ ၅ ဘီလီယံကျော် ရှိကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်အထိ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁၀ ဒသမ ၅ ဘီလီယံကျော်တွင် ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၇ ဒသမ ၁ ဘီလီယံကျော် နှင့် သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံကျော် ပါဝင်ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ် နယ်စပ်ကုန်သွယ်မှုပမာဏသည် ယခင်ဘဏ္ဍာနှစ် ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၂၉၄ သန်းကျော် ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း ၊ ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ် အလားတူ ကာလတွင် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂ ဘီလီယံကျော် ရရှိခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းများအလိုက် ကုန်သွယ်မှု ပမာဏတွင် မူဆယ်စခန်းသည် ကုန်သွယ်မှုပမာဏ အများဆုံး ဖြစ်ပြီး ၄ ဒသမ ၈ ဘီလီယံကျော်ရှိပြီး ယင်းနောက်တွင် ထီးခီးစခန်းသည် ဒုတိယ ကုန်သွယ်မှု ပမာဏ အများဆုံး ဖြစ်ကာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အဓိက ပို့ကုန်များတွင် လယ်ယာထွက်ကုန်ပစ္စည်း ၊ တိရစ္ဆာန်ထွက်ပစ္စည်း ၊ ရေထွက်ပစ္စည်း၊ သတ္ထုတွင်းထွက်ပစ္စည်း ၊ သစ်တောထွက်ပစ္စည်း ၊ စက်မှုကုန်ချောပစ္စည်း နှင့် အခြားတို့ ဖြစ်ကာ သွင်းကုန်များမှာ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ ၊ လုပ်ငန်းသုံးကုန်ပစ္စည်းများ ၊ လူသုံးကုန်ပစ္စည်းများ တို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)