Connect with us

Local

အမေရိကန်တစ်ဒေါ်လာ ၁၅၁၂ ကျပ် အထိစံချိန်တင်မြင့်တက်

ကျပ်ငွေနှင့် အမေရိကန်ဒေါ်လာအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

အမေရိကန်ဒေါ်လာဈေးသည် ဆက်တိုက်မြင့်တက်လျက်ရှိပြီး ယနေ့သြဂုတ်လ ၁၅ ရက် တွင် ပြင်ပဒေါ်လာလဲလှယ်သည့် ဈေးကွက်တွင် တစ်ဒေါ်လာကို ၁၅၁၂ ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌဒေါက်တာစိုးထွန်းက “ဒီနေ့ ဒေါ်လာဈေးတက်ရတာကတော့ ဗဟိုဘဏ်ရဲ့ကြေညာချက်ကြောင့် ဖြစ်သွားတာလို့ ထင်တယ်။ သာမန်ပြည်သူတွေကပါ လိုက်ဝယ်ကြတာတွေ ရှိလာတယ်။ ဗဟိုဘဏ်က ဒီကိစ္စကို သေချာကိုင်သင့်ပြီ။ ငွေဈေးတက်တော့ အင်ပို့ကတော့ ခက်တယ်။ ကုန်ဈေးနှုန်းတက်နိုင်တယ်။ အိတ်စပို့ကတော့ ကိုက်တာပေါ့’’ ဟုဆင်ဟွာကိုပြောသည်။

ဗဟိုဘဏ်ကယနေ့ တစ်ဒေါ်လာပေါက်ဈေး ကျပ်၁၄၇၅ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ပုဂ္ဂလိက ဘဏ်များတွင် သြဂုတ်လ ၁၅ ရက်နေ့ နံနက်ဘက်တွင် တစ်ဒေါ်လာ ကျပ်၁၄၈၀ ကျော်မှ စ၍ ဈေးဖွင့်ခဲ့ပြီး သြဂုတ်လ ၁၅ ရက်နေ့မွန်းလွဲ ၂ နာရီ နောက်ပိုင်းတွင်မူ ပုဂ္ဂလိကဘဏ်တချို့တွင် တစ်ဒေါ်လာကို ကျပ် ၁၅၀၀ ကျော်အထိ ဈေးဖြစ်လာခဲ့သည်။ ငွေလဲလှယ်သည့် စင်တာများတွင်လည်း တစ်ဒေါ်လာကို ကျပ်၁၅၀၀ ကျော်လာခဲ့သည်။

AGD ဘဏ်၏ Exchange Rate အားတွေ့ရစဉ် (ဓာတ်ပုံ–AGD)

Fame Authorized Money Changer ၏ Exchange Rate အားတွေ့ရစဉ် (ဓာတ်ပုံ–Fame)

စီးပွားရေးပညာရှင်ဦးရဲမင်းဦးက “လက်ရှိကမ္ဘာမှာဒေါ်လာဆက်တက်မယ် မှန်းနေကြတယ်။ တစ်ကမ္ဘာလုံးမှာလည်း တက်နေတယ်။ ဗဟိုဘဏ်အနေနဲ့ က အာဆီယံနိုင်ငံတွေမှာ ဖြစ်နေတဲ့ ဒေါ်လာဈေးကို စောင့်ကြည့်ပြီး တက်သင့်တက်ထိုက်တာထက်မတက်အောင်တော့ စောင့်ကြည့်ကိုင်တွယ်သင့်ပြီ။ ဒေါ်လာဈေးတက်လို့ ကုန်ဈေးနှုန်းတွေ တက်နိုင်တယ်။ ကုန်ဈေးနှုန်းတက်တာကို အစိုးရက ရေတိုစီမံချက်တွေ ချမှတ်ပြီး ပြည်သူတွေကုန်ဈေးနှုန်းဒဏ်မခံရဖို့ ဆောင်ရွက်သင့်တယ်။’’ ဟုဆင်ဟွာကိုပြောသည်။

ဒေါ်လာဈေးကွက်စောင့်ကြည့်လေ့လာသူဦးစန်းဝင်းက “အရောင်းအဝယ်ကတော့ အဝယ်များတယ်။ ဈေးကွက်မှာဒေါ်လာတောင်ပျောက်နေတယ်။ ငွေဈေးအတက်အကျထိန်းနိုင်ဖို့ကတော့ ဗဟိုဘဏ် ရဲ့ ဆောင်ရွက် မှုပေါ်မူတည်တယ်’’ ဟုဆင်ဟွာကိုပြောသည်။

သြဂုတ်လ ၁၅ ရက် နေ့ မွန်းလွဲ ၃ နာရီ အချိန် တွင် တစ်ဒေါ်လာကို ၁၅၁၂ ကျပ်၊ ပို့ကုန်ဝင်ငွေကတစ်ယူနစ်ကို ၁၅၁၄ ကျပ်ရှိသည်။ဇူလိုင်လ ၃၀ ရက်နေ့ တွင် တစ်ဒေါ်လာ ၁၄၃၈ ကျပ်ပေါက်ဈေးရှိခဲ့သည်။ ၁၀ရက်ကျော်အတွင်း စံချိန်သစ်တင်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.