Connect with us

Local

ကျောက်မျက်နှင့် ကျောက်စိမ်းများ ကျပ်ငွေဖြင့် ရောင်းချပွဲကို ပြည်တွင်းကုန်သည်များ စိတ်ဝင်စား


နေပြည်တော်၊ မတ်လ ၁၉ ရက် (ဆင်ဟွာ)

ပြည်တွင်း ကျောက်မျက် အချောထည်လုပ်ငန်းများအတွက် ကုန်ကြမ်း ရရှိစေရန် ကျောက်မျက်ရိုင်း များ နှင့် ကျောက်စိမ်း အသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ပွဲကို အစိုးရသစ် လက်ထက် ပထမဆုံးပွဲအဖြစ် ၂၀၁၇ မတ်လ ၁၉ ရက်တွင် ဖွင့်လှစ်ခဲ့ရာ ပြည်တွင်းကုန်သည်များ စိတ်ဝင်စားကြကြောင်း မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ စီးပွားရေးရာ လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌက ဦးသန့် ဇော်ဦးက မီဒီယာကို ဖြေကြားသည်။

“ဒီပွဲက မန္တလေး၊ စစ်ကိုင်း၊ မိုးကုတ်တို့မှာ ကျွန်တော်တို့ ဆီမှာ လိုင်စင်ယူပြီး လုပ်နေတဲ့ လုပ်ငန်း အငယ်လေးတွေ ရှိတယ်၊ ကျောက်တူးတဲ့ လိုင်စင် မဟုတ်တော့ ကျောက်တူးတဲ့ ကုမ္ပဏီတွေဆီက ပြန်ဝယ်ရတယ်၊ ၂၀၁၅ ခုနှစ်ထဲမှာ တစ်ကြိမ် ရောင်းခဲ့တယ်၊ အခုပွဲကို ပြည်တွင်းကုန်သည်တွေ ပိုပြီး စိတ်ဝင်စားကြပါတယ်” ဟု ၎င်းက ရှင်းပြသည်။

မတ်လ ၁၉ရက်၊နေပြည်တော်တွင်ပြုလုပ်သော ကျောက်မျက်အရောင်းပွဲ တော်မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

မတ်လ ၁၉ရက်၊နေပြည်တော်တွင်ပြုလုပ်သော ကျောက်မျက်အရောင်းပွဲ တော်မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ယခုပွဲတွင် တစ်တွဲလျှင် ကျပ်သိန်း ၁၂၀၀၀ တန် ပတ္တမြား အရိုင်းတွဲ ခုနစ်တွဲ အပါအဝင် ကျောက်မျက် အတွဲပေါင်း ၁၉၅ တွဲနှင့် ကျောက်စိမ်းအရိုင်းတွဲ ၄၄၅၄ တို့ ခင်းကျင်းရောင်းချလျက်ရှိပြီး ပြည်တွင်း ကုန်သည် စုစုပေါင်း နှစ်ထောင်ခန့်က စာရင်းပေးသွင်းထားကြောင်း၊ ကုန်သည်တို့က ကျောက်မျက် များကို မတ်လ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ကြည့်ရှု စစ်ဆေးကာ ၂၁ ရက်နေ့န့နက် ၉း၀၀ နာရီ တွင် ဈေးပြိုင် မဟုတ်သည့် အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ဝယ်ယူကြရမည် ဖြစ်ကြောင်း၊ ကျောက်စိမ်း အရိုင်းတွဲများအတွက် ကြည့်ရှုရက် သုံးရက်၊ ရောင်းချရက် သုံးရက် ပေးထားကြောင်း လည်း ၎င်းက မီဒီယာကို ပြောခဲ့သည်။

“ဒီပွဲက ဝယ်သွားတဲ့ ကုန်ကြမ်းတွေကို အချောထည်ပြန်လုပ်ပြီး ပြည်တွင်းဈေးကွက်မှာ ရောင်းတာ လည်း ရှိတယ်၊ မူဆယ်ကနေ တစ်ဘက်နိုင်ငံကို ရောင်းတာလည်း ရှိပါတယ်၊ အဲဒီအတွက် မန္တလေးမှာ OSS One Stop Service ဖွင့်ထားပေးပါတယ်” ဟုလည်း ဦးသန့်ဇော်ဦးက ရှင်းပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.