Connect with us

Local

မြန်မာနိုင်ငံ၏ ကုန်သွယ်မှု အခြေအနေမှာ ကာလတူထက် ဒေါ်လာ သန်း ၆၀၀ ကျော် ပိုမို ရရှိ

ပြည်ပသို့ ပို့ ကုန်များ တင်ပို့ ရန် ကုန်သေတ္တာများအား ဆိပ်ကမ်း၌ တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၁၈ ရက်(ဆင်ဟွာ)

အစိုးရသစ် တာဝန်ယူသည့် တစ်နှစ်တာ အတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ၊ ဖေဖော်ဝါရီလ အထိ ကုန်သွယ်မှု မှာ ၂၅၂၅၅ ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယခင် ဘဏ္ဍာနှစ် ကာလတူထက် ကုန်သွယ်မှု ၆၃၆ ဒေါ်လာ သန်း ပိုမို ရရှိခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က အစိုးရ၏ ပြည်သူ့အတွက် ပထမ တစ်နှစ်တာ ဆောင်ရွက်ချက်များအား ရှင်းလင်းမှုများ အရ သိရသည်။

“ကုန်သွယ်မှု အနေနဲ့ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ ပို့ကုန် ၊ သွင်းကုန် တန်ဖိုးက အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံ ကျော် ရရှိနေပြီး ဖြစ်တဲ့ အတွက် မနှစ်ကထက် ပိုမို ဆောင်ရွက်နိုင်ခဲ့ပါတယ်။စုစုပေါင်း ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း ၆၀၀ ကျော် ပိုမို ရရှိပြီးတော့ ပို့ကုန်ပိုင်းတွင် ဒေါ်လာ သန်း ၅၀၀ နီးပါး ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။”ဟု ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောကြားခဲ့သည်။

ယခုနှစ်တွင် ကမ္ဘာ့ ဈေးနှုန်း ကျဆင်းမှုကြောင့် သဘာဝ ဓာတ်ငွေ့တင်ပို့မှု ဝင်ငွေသည် ယခင်နှစ်ကထက် ဒေါ်လာသန်း ၁၂ဝဝ ကျော် လျော့နည်းခဲ့ပြီး နိုင်ငံပိုင် ကဏ္ဍမှ စက်မှုပို့ကုန် အမေရိကန်ဒေါ်လာသန်း ၂ဝဝ ကျော် လျော့နည်းခဲ့သော်လည်း ယခုနှစ် ပို့ကုန်တွင် ပုဂ္ဂလိက ကဏ္ဍမှ ချုပ်ပြီးအထည်များ ၊ လယ်ယာထွက် ကုန်ပစ္စည်းများ တိုးချဲ့တင်ပို့နိုင်မှုကြောင့် စုစုပေါင်းပို့ကုန်မှာ ယခင်နှစ်ကထက် ပိုမို တင်ပို့ နိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

တိုင်းပြည် စီးပွား ဖွံ့ဖြိုးရန် ပို့ကုန် ဦးဆောင်သော စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု (Export-Led Growth) ပုံစံဖြင့် ဦးတည် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာ့စီးပွားရေးဦးမော့ လာစေရေး အတွက် အထူးစီမံကိန်းကြီးများ ဖြစ်သည့် သီလဝါ၊ ကျောက်ဖြူ၊ ထားဝယ် စသည့် အထူးစီးပွားရေးဇုန်များကို အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသကဲ့သို့ နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများ ကိုလည်း တိုးချဲ့တည်ထောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)