Connect with us

Local

၂၀၁၇ ခုနှစ်တွင် အစိုးရသစ်အနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမည့် သူများ ပိုမိုရောက်ရှိလာမည် ဟု မျှော်မှန်းထား

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဒုအထွေထွေမန်နေဂျာ ဦးသန်းအောင်ကျော်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

၂၀၁၇ နှစ်အတွင်း တွင် အစိုးရသစ်အနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမည့် သူများ ပိုမိုရောက်ရှိလာမည် ဟု မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဒုအထွေထွေမန်နေဂျာ ဦးသန်းအောင်ကျော်က ပြောသည်။

နိုင်ငံတကာ သုတေသန နှင့် အတိုင်ပင်ခံလုပ်ငန်းတစ်ခုဖြစ်သည့် Oxford Business Group (OBG) မှ လုပ်ငန်းမှ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံသူအသစ်များ ဝင်ရောက်လာစေမည့် ဆွဲဆောင်မှုတစ်ရပ်ဖြစ်သော မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲမှုအကြောင်း ဆွေးနွေးသည့် ပွဲတွင် ဦးသန်းအောင်ကျော်မှ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးသန်းအောင်ကျော်က “နိုင်ငံခြားရင်းနှီးမြှုပ်နှံမယ့်သူတွေကို အစိုးရသစ်အနေနဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ချပြခဲ့တယ်။ စီးပွားရေးပိတ်ဆို့မှုတွေဖယ်ရှားအပြီး တက်လာတဲ့ ရွေးကောက်ခံအစိုးရသစ်လက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးပြုလုပ်သွားဖို့လည်းရည်မှန်းထားတယ်။ ဒေသတွင်းနဲ့ ကမ္ဘာ့စီးပွားရေး ဈေးကွက်မှာ ပေါင်းစည်းနိုင်ဖို့ကြိုးစားခဲ့တယ်။ OBG ရဲ့ အစီရင်ခံစာမှာ စိန်ခေါ်မှုနဲ့ အခွင့်အလန်းတွေကို ဖော်ပြထားတယ်။ အဓိက ငွေကြေးဝန်ဆောင်မှုကကဏ္ဍ နဲ့ ပတ်သက်ပြီး အကြံပြုချက်တွေ ပေးခဲ့တယ်၊လေ့လာမှုအရ ဘဏ်စနစ်၊ စွမ်းအင်စနစ်၊ အခြေခံအဆောက်အအုံ၊ စိုက်ပျိုးရေး၊ တွေကို ဖော်ပြခဲ့တယ်။’’ ဟုပြောကြားသည်။

OBG ၏ အာရှဒေသဆိုင်ရာ မန်နေဂျင်းအယ်ဒီတာ မစ္စတာ ပေါလိရက်စ်ကန်စီနားစ်အားတွေ့ရစဉ် (ဆင်ဟွာ)

OBGက မြန်မာနိုင်ငံ ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲမှုအကြောင်း ဆွေးနွေးနေသည့်မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

လွန်ခဲ့သည့် ငါးနှစ်အတွင်း မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ငွေကြေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍနဲ့ စွမ်းအင်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်း၊ ရှေ့ဆက်၍ ရင်းနှီးမြှုပ်နှံသူများ အတွက် အခြားသောကဏ္ဍများဖြစ်သည့် စိုက်ပျိုးရေး၊ ခရီးသွားလာရေး ၊ စက်မှုလုပ်ငန်း၊ ပညာရေးကဏ္ဍ နှင့် အခြေခံအဆောက်အအုံများတွင် တိုးမြှင့်သင့်ကြောင်း OBG ၏ ရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာက အကြံပြုခဲ့တယ်။

M.I.C အနေ နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသူများအတွက် မရှိမဖြစ်လိုအပ်မည့် နောက်ဆုံးသတင်းအချက်အလက်များ နိုင်ငံ၏ ရာသီဥတု အခြေအနေတို့ကို ပံ့ပိုးပေးခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းစုများ အတွက် အရေးကြီးသည့် အချက်တစ်ချက် ဖြစ်သည့် ညွှန်ကြားချက်များ သတင်းအချက်အလက်များ အား M.I.C ကထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) အနေဖြင့် နည်းပညာအသစ်တစ်ခုကို ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း၊ Hot line (အရေးကြီးတယ်လီဖုန်း) လိုင်း တစ်ခု ထားရှိဆောင်ရွက်ပြီး၊ ၁၈၈၇ ကို ခေါ်ဆို၍ ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ နိုင်ငံခြားကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု နှင့် ဆိုင်သည့် သတင်းအချက်အလက်တွေများအား ရရှိနိုင်မည်ဖြစ်ကြောင်း၊ ၂၄ နာရီသတင်းအချက်အလက်များအား အဆိုပါ Hot Line မှ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဦးသန်းအောင်ကျော်က “ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်ချက်တွေ အနေနဲ့ အခြေခံအဆောက်အအုံတွေနဲ့ စွမ်းအင်အသုံးချမှု က ဆက်ပြီးလိုအပ်နေတယ်။ အခြေခံအဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံမှု ကိုလည်း စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု မူဝါဒတွေအရ အဆင့်မြှင့်တင်ဆောင်ရွက်သွားရမှာ ဖြစ်တယ်။’’ ဟုပြောသည်။

OBG ၏ အာရှဒေသဆိုင်ရာ မန်နေဂျင်းအယ်ဒီတာ Mr.Paulius Kuncinas (မစ္စတာ ပေါလိရက်စ်ကန်စီနားစ်) က “မြန်မာကနိုင်ငံတကာဈေးကွက်မှာ နေရာယူလာတယ်။အရှေ့တောင်အာရှဒေသကို အဓိကရည်မှန်းချက်ထားပြီး ဆောင်ရွက်ရမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ များစွာရှိနေတာတွေ့ရတယ်။ OBG ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ငွေကြေးကဏ္ဍနဲ့ ပတ်သက်တဲ့ အရင်းအနှီးဈေးကွက်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်။ ဒီနှစ်မှာတော့ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ပေါ်ထွက်လာမှုအတွက်လည်း ဝမ်းသာရတယ်။’’ ဟုပြောကြားသည်။

OBGခန့်မှန်းချက်အရ စွမ်းအင်ကဏ္ဍ၊အခြေခံအဆောက်အအုံ၊ ခရီးသွားလာရေး ကဏ္ဍများအားကောင်းလာမယ်ဟု ယူဆရကြောင်း မစ္စတာ ပေါလိရက်စ်ကန်စီနားစ် ကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.