Connect with us

Local

နိုင်ငံပို့ကုန်/သွင်းကုန်များ တိုးမြှင့် သယ်ယူပို့ဆောင်နိုင်ရေး မြန်မာ့ကြယ်ငါးပွင့်သင်္ဘော ကုမ္ပဏီလီမိတက်မှ သက်တမ်းနု သဘောၤများအစားထိုး ဝယ်ယူဖြည့်တင်းထား

မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း၏ ကုန်တင်သင်္ဘော ဥသာ အား မြင်တွေ့ ရစဉ်(မြ၀တီ)

ရန်ကုန် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ပို့ကုန်/သွင်းကုန်များကို တိုးမြှင့် သယ်ယူပို့ဆောင်နိုင်ရန် ရည်ရွယ်၍ မြန်မာ့ကြယ်ငါးပွင့်သင်္ဘော ကုမ္ပဏီလီမိတက်သည် ယခုအခါ သက်တမ်းရင့်ပြီး စီးပွားရေး တွက်ခြေမကိုက်သည့် သင်္ဘော ခုနစ်စင်းကို ရောင်း ချပြီး သက်တမ်းနု သင်္ဘောသုံးစင်းဖြင့် အစားထိုး ဝယ်ယူဖြည့်တင်းထားပြီးဖြစ်ကြောင်း သိရသည်။

ယခုဝယ်ယူဖြည့်တင်းထားသည့် သက်တမ်းနု သင်္ဘောသုံးစင်းအနက် တစ်စင်း အပါအဝင် ဖြစ်သည့် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း၏ ကုန်တင်သင်္ဘော ဥသာ သည် ရန်ကုန်ဆိပ်ကမ်းသို့ ပထမ ခရီးစဉ်အဖြစ် ယမန်နေ့စက်တင်ဘာ ၁၉ ရက်တွင် ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ဥသာသင်္ဘော သည် ဝမ်းပုံလောင်း အထွေထွေ ကုန်ပစ္စည်းတင် (Bulk Carrier) အမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံ၏ ဆိပ်ကမ်းများသို့ အချိန်မရွေး ဝင်/ထွက် သွားလာနိုင်သည့် အလျား၊အနံနှင့် ရေစူး ရှိကာ ကုန်တန်ချိန် ၁၈ဝဝဝ ကျော် တင်ဆောင်နိုင်ကြောင်း သိရသည်။

မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းရှိ သင်္ဘောများသည် ယခုအခါ တရုတ် ၊ အိန္ဒိယ၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံ များကိုသာ ပြေးဆွဲနေရပြီး နောင်တွင် ဥရောပနိုင်ငံများသို့ ပြေးဆွဲနိုင်ရေး စီစဉ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မြန်မာ့ကြယ်ငါးပွင့်သင်္ဘော ကုမ္ပဏီလီမိတက်သည် ၁၉၅၉ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၅၆ နှစ်ကျော် နိုင်ငံတကာနှင့် ရင်ပေါင်တန်း၍ ရှင်သန် ရပ်တည်လျက်ရှိပြီး မြန်မာ နိုင်ငံ၏ တစ်ခုတည်းသော မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအား နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ လုပ်ကိုင်နေသည့် သင်္ဘောလုပ်ငန်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.