Connect with us

Local

မြန်မာနိုင်ငံ အနှံ့အပြား လျှပ်စစ်မီး ရရှိရန်အတွက် ကန်ဒေါ်လာ သန်းလေးရာ အတိုးမဲ့ ချေးမည်

မဟာဓာတ်အား လိုင်းသွယ်တန်းထားမှုအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ၂၀၃၀ ပြည့်နှစ် မတိုင်မီ ပြည်သူတိုင်း လျှပ်စစ်မီး သုံးစွဲနိုင်ရန် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အသင်း ရန်ပုံငွေ (International Development Association-IDA) မှ အမေရိကန် ဒေါ်လာ သန်းလေးရာ အတိုးမဲ့ ချေးငွေ ထုတ်ပေးရန် ယနေ့ အတည်ပြုလိုက်ကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

“အမေရိကန် ဒေါ်လာသန်း လေးရာနဲ့ ဆောင်ရွက်သွားမယ့် ယခု စီမံကိန်းက မြို့တွေကို ပင်မ လျှပ်စစ် ဓာတ်အားလိုင်းနဲ့ ချိတ်ဆက်ပေးနိုင်မှာ ဖြစ်သလို၊ ဝေးလံတဲ့ ကျေးလက် ဒေသတွေ အထိ လျှပ်စစ်မီး ရရှိအောင် ကူညီသွားမှာ ဖြစ်လို့ စာသင်ကျောင်း၊ ကျန်းမာရေး ဆေးပေးခန်းတွေလည်း လျှပ်စစ်မီးကို အသုံးပြု လာနိုင်ပါလိမ့်မယ်။ ၂၀၃၀ ပြည့်နှစ် မတိုင်မီ ပြည်သူတိုင်း လျှပ်စစ်မီး သုံးစွဲနိုင်ရေးဆိုတဲ့ ရည်မှန်းဆောင်ရွက်ချက်ကို ကျွန်တော်တို့ အနေနဲ့ ကြိုဆိုပြီး ပံ့ပိုးကူညီသွားမှာ ဖြစ်ပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ulrich Zachau က ပြောကြားသည်။

ယနေ့ အတည်ပြုလိုက်သည့် ယခုစီမံကိန်းကြောင့် အိမ်ထောင်စုပေါင်း ၁.၂ သန်း လျှပ်စစ်မီး ရရှိရမည်ဖြစ်ပြီး မြန်မာနိုင်ငံပြည်သူပေါင်း ၆.၂ သန်းအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။အဆိုပါ ချေးငွေသည် မြန်မာနိုင်ငံ အမျိုးသားအဆင့် လျှပ်စစ်မီးရရှိရေး စီမံကိန်း (National Electrification Plan-NEP) အကောင်အထည်ဖော်ရန် ငွေကြေးနှင့် နည်းပညာ အကူအညီများကို ပံ့ပိုးသွားနိုင်မည် ဖြစ်သည်။

ပင်မ လျှပ်စစ် ဓာတ်အားလိုင်းများ တိုးချဲ့သွားရန်နှင့် ကျေးလက်ဒေသများတွင် ပင်မ လျှပ်စစ် ဓာတ်အားလိုင်းပြင်ပ နည်းလမ်းများ အသုံးပြုကာ လျှပ်စစ်မီး ရရှိရေးကို ကမ္ဘာ့ဘဏ်အုပ်စု၏ အကူအညီဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် လျှပ်စစ်မီး သုံးစွဲနိုင်ခြင်း မရှိကြပါ။ ကျေးလက်နှင့် မြို့ပြဒေသများတွင် လျှပ်စစ်မီး ပိုမို ရရှိလာပါက ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေနိုင်မည့်အပြင် လျင်မြန်စွာ ပြောင်းလဲ တိုးတက်နေသည့် တိုင်းပြည်၏ စီးပွားရေး အား အားဖြည့်ပေးနိုင်မည် ဖြစ်ကြောင်း ထုန်ပြန်ချက်တွင် ပါဝင်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117