Connect with us

Local

သဘာဝဘေးဒဏ် ခံရသော်လည်း ယခုနှစ် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည် ၄.၅ သန်း ဝင်ရောက်နိုင် မည်ဟု မျှော်မှန်းထား

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ကမ္ဘာလှည့် ခရီးသည်များ (ဆင်ဟွာ)

နေပြည်တော် ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းကဏ္ဍမှ အခွင့် အလမ်းကောင်းများကို အသုံးချပြီး ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်မှ အရှိန်အဟုန် မြှင့်တင်ရန် မြန်မာနိုင်ငံ အစိုးရအတွက် အရေးပါလာပါကြောင်း ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက ယနေ့နေပြည်တော်၌ ပြုလုပ်သော ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့(World Tourism Day) အထိမ်းအမှတ် အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ကဏ္ဍတွင် ၂၀၁၂ ခုနှစ်၌ ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာလှည့် ခရီးသည် ၁ သန်း ကျော် ရောက်ရှိအောင် ဆွဲဆောင်နိုင်ခဲ့ကြောင်း၊ ခရီးသွား လုပ်ငန်းသည် တစ်နှစ်အတွင်း လျှင်မြန်စွာ တိုးတတ်လာကာ ၂၀၁၃ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသည် ၂.၀၄ သန်း လက်ခံ ရရှိခဲ့သည့်အတွက် ၂ ဆ တိုးတတ်လာသည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ ယခင်နှစ်က ကမ္ဘာလှည့် ခရီးသည် ၃.၀၈ သန်း လာရောက်ခဲ့ကြောင်း ၊ မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်တွင် သဘာဝဘေးဒဏ် ခံစားရသော်လည်း ကမ္ဘာလှည့် ခရီးသည် ၄.၅ သန်း လက်ခံရရှိမည်ဟု မျှော်မှန်းထားကြောင်း ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့လာရောက် လည်ပတ်သော ကမ္ဘာလှည့် ခရီးသွားများအတွက် E visa နှင့် Visa on Arrival စနစ်ကို အကောင်အထည် ဖော်ခြင်းဖြင့် ဗီဇာ လိုအပ်ချက် ဖြေလျှော့မှုကို ဆက်လက် ဆောင်ရွက်သင့်ကြောင်း ၊ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် အခြားသော အိမ်နီးချင်း နိုင်ငံများရှိ ထင်ရှားသော ခရီးစဉ် ဒေသများနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်နိုင်ပါကြောင်း ၊ ၂၀၁၃ ခုနှစ်က ချမှတ်ခဲ့သော မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ပင်မ စီမံကိန်းတွင် ပါဝင်သည့် အဓိကကျသော ဦးစားပေး ကဏ္ဍများကို အကောင်အထည်ဖော် ဆောင်ရွက် ရမည်ဟု ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တိုးတက် ပေါ်ထွက်လာနေသည့် ခရီးစဉ် ဒေသအဖြစ် ဆက်လက် ထိန်းသိမ်းရန် လိုအပ်သည့်အတွက် ခရီးသွား လုပ်ငန်းတွင် အခွင့်အလမ်းသစ်များ ဖန်တီး ပေးရမည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ အစိုးရသည် ပုဂ္ဂလိက ကဏ္ဍနှင့် အတူ ပူးပေါင်း၍ မွန်နှင့် ကရင် ပြည်နယ်များကဲ့သို့သော သဘာဝအတိုင်း ပျက်စီးမှု မရှိသေးသည့် ဒေသများတွင် ခရီးသွား လုပ်ငန်း မြှင့်တင်ရေး နှင့် ချင်း ၊ ရခိုင် နှင့် တနင်္သာရီ ကဲ့သို့သော ပြည်နယ်နှင့် တိုင်း များရှိ သဘာဝ အခြေခံ ခရီးစဉ် ဒေသများ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ထပ်တိုး လုပ်ငန်းစဉ်များ အနေဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက ပြောကြားခဲ့သည်။ (Xinhua)