Connect with us

Local

မြန်မာနိုင်ငံဗဟိုဘဏ်က ဒုတိယ အကြိမ် အတိုးနှုန်းလျှော့ချ

ဗဟိုဘဏ်၏ ထုတ်ပြန်ကြေညာချက်အားတွေ့ရစဉ်(ဗဟိုဘဏ်)

ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဗဟိုဘဏ်သည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလျင်မြန်စွာ အထောက်အကူပြုစေရန် ဒုတိယအကြိမ် အတိုးနှုန်းကိုထပ်မံ လျှော့ချလိုက်ကြောင်းယနေ့ ဗဟိုဘဏ်က ထုတ်ပြန်သော သတင်းအရသိရသည်။

မတ် ၁၂ ရက်တွင် ဗဟိုဘဏ်၏ ၁ နှစ် အတိုးနှုန်း ကို ၁၀ ရာခိုင်နှုန်းမှ၉ ဒသမ ၅ ရာခိုင်နှုန်းသို့ ပြောင်းလဲသတ်မှတ်ခဲ့ပြီး ယနေ့ ဗဟိုဘဏ်သည် တစ်နှစ်အတိုးနှုန်း၉.၅ ရာခိုင်နှုန်းမှ ၈.၅ ရာခိုင်နှုန်း ဒုတိယအကြိမ်သို့ ထပ်မံ လျှော့ချ သတ်မှတ်လိုက် ခြင်းဖြစ်သည်။အဆိုပါ ပြောင်းလဲလျှော့ချမှုအရ ငွေစုစာရင်း အပ်ငွေ၊ ငွေစုလက်မှတ်နှင့် အချိန်စေ့မှ ပေးရမည့် အပ်ငွေတို့ အပေါ်တွင် ပေးရမည့် အနည်းဆုံး အတိုးနှုန်းသည် ဗဟိုဘဏ် အတိုးနှုန်းအောက်၂ ရာခိုင်နှုန်းထက် မနည်းရမည် ဖြစ်သောကြောင့် အပ်ငွေများအပေါ်ပေးရသည့် အနည်းဆုံး အတိုးနှုန်းသည် ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ ရောက်ရှိမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဘဏ်များက အာမခံ ပစ္စည်းများရယူပြီး ထုတ်ချေးသည့် ချေးငွေများအပေါ်တောင်းခံနိုင်သည့် အများဆုံး အတိုးနှုန်းသည် ဗဟိုဘဏ် အတိုးနှုန်းထက် ၃ ရာခိုင်နှုန်း ကျော်လွန်၍ကောက်ခံခြင်းမရှိသည့်အတွက် အာမခံပစ္စည်း ရယူထားသည့် ချေးငွေများ၏ အများဆုံး ကောက်ခံနိုင်သောအတိုးနှုန်းကို ၁၁ ဒသမ ၅ ရာခိုင်နှုန်းကျော်လွန်မကောက်ခံရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)