Connect with us

Local

ပြည်တွင်းစက်သုံးဆီဈေးနှုန်း ဆက်တိုက်ကျဆင်း

စက်သုံးဆီအရောင်းဆိုင်အားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည် ဇန်နဝါရီလမှ စတင်ကျဆင်းခဲ့ရာ မတ်လ နောက်ဆုံးပတ်အတွင်း တစ်လီတာလျှင် ကျပ် ၃၉၀ထိ ကျဆင်းခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။

ယနေ့ မတ်  ၂၃ ရက်တွင် စက်သုံးဆီ အောက်တိန်း 92 တစ်လီတာလျှင် ကျပ် ၃၉၀၊ အောက်တိန်း 95တစ်လီတာလျှင် ကျပ် ၅၃၀၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ကျပ် ၅၃၀ ၊ ဒီဇယ် တစ်လီတာ လျှင် ကျပ် ၅၁၀ထိ ကျဆင်းလာကြောင်း Petrol ဆီအရောင်းဆိုင်မှ သိရသည်။” ဒီ ၂၁ရက်က အောက်တိန်း92 တစ်လီတာ ၄၇၀၊ ဒီနေ့ ၃၉၀ထိကျလာတယ်၊ ၂ရက်အတွင်း ကျပ် ၈၀ ကျသွားတယ်”ဟု ဆီဆိုင်မန်နေဂျာတစ်ဦးက ဆိုသည်။သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် အဓိကအသုံးပြုနေရသည့် ပြည်တွင်းစက်သုံးဆီဈေးမှာ ဇန်နဝါရီလဆန်းတွင် တစ်လီတာ လျှင် ၈၁၅ ကျပ်ဝန်းကျင်ရှိပြီး ဖေဖော်ဝါရီလဆန်းတွင် ကျပ် ၈၀၀ ဝန်းကျင်ထိ    ဈေးကျလာရာမှ   မတ်လအတွင်း ၃၉၀အထိ ကျဆင်းခဲ့ကြောင်း သိရသည်။Covid-19ရောဂါအခြေအနေကြောင့် သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းအချို့ရပ်တန့်ထားပြီး ဝယ်လိုအားကျဆင်း သည့်အတွက်   စက်သုံးဆီဈေးနှုန်းများ  ကျဆင်းလာပြီးလက်ရှိစက်သုံးဆီဈေးနှုန်းမှာ ဧပြီလ အထိ ဆက်တိုက်ကျဆင်းနိုင်ကြောင်း ယာဉ်မောင်းများက သုံးသပ်ကြကြောင်း သိရသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.