Connect with us

Local

နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် Intervention Auction ပြုလုပ်ရာတွင် အရောင်းနှင့် အဝယ် (၂)မျိုးစလုံးအား ဆောင်ရွက်

ကျပ်ငွေနှင့် အမေရိကန်ဒေါ်လာအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးအတွက် ကာလတိုအတွင်း ငွေလဲလှယ် နှုန်း အတက်/အကျ ကြီးမားမှု မရှိစေရန်   Intervention Auction ပြုလုပ်ရာတွင် အရောင်းနှင့် အဝယ် (၂)မျိုးစလုံးအား ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏  စတုတ္ထတစ်နှစ်တာကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်အရသိရသည်။

ထို့အပြင် နိုင်ငံတော်၏  နိုင်ငံခြားသီးသန့် အရန်ငွေ အား ဖြည့်တင်းရာတွင်  Accumulation Auction ဖြစ်သည့်  အဝယ်တစ်မျိုးတည်း ဆောင်ရွက်သည့်  နည်းလမ်းအား ကျင့်သုံးခဲ့ကြောင်း၊ Intervention Auction နှင့် Accumulation Aution များအား  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ထား သည့် စည်းမျဉ်း များအတိုင်း နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတော်      ဗဟိုဘဏ်အနေ နှင့် ဈေးပြိုင်စနစ်ခေါ်ယူ၍  နိုင်ငံခြားငွေဈေးကွက် ဝင်ရောက်ထိန်းကျောင်းရာ တွင်  နိုင်ငံခြားငွေလဲ လှယ်နှုန်း အား  အဆင့်တစ်ဆင့်တွင် ရောက်ရှိနေစေရန် ကာကွယ်ထိန်းသိမ်းဆောင်ရွက်ခြင်း မဟုတ်ဘဲ ငွေလဲလှယ်နှုန်း အတက်/အကျ ကြီးမားခြင်းကို လျော့နည်းစေရန်၊  နိုင်ငံခြားငွေဈေးကွက်အတွင်း ငွေကြေးလွယ် ကူမှုကို ပံ့ပိုးပေးခြင်းသာ ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏  စတုတ္ထတစ်နှစ်တာကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု တွင် ဖော်ပြထားသည်။ (Xinhua)