Connect with us

Local

မြန်မာနိုင်ငံရင်းနှီးမြှုပ်နံှမှုကော်မရှင်မှ ဆက်သွယ်ရေး ဝန်ဆောင်မှု၊ ပညာရေး ဝန်ဆောင်မှုနှင့် စွမ်းအင် သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ၆ခုခွင့်ပြု

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးကျင်းပစဉ်(MOI)

ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နံှမှုကော်မရှင်မှ ဆက်သွယ်ရေး ဝန်ဆောင်မှု၊ ပညာရေး ဝန်ဆောင်မှုနှင့် စွမ်းအင် သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ၆ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၈/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုလိုက်ကြောင်း သိရသည်။

ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းနှင့် စွမ်းအင် သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းခြောက်ခု ခွင့်ပြုခဲ့ပြီး အဆိုပါလုပ်ငန်းခြောက်ခု၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၆၂၀ သန်းနှင့် ကျပ်သန်းပေါင်း ၁၀၆၄၃၅ ဒသမ ၉၉ သန်းရှိပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၆၅၉ နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၈/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကို မေ ၂၉ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အစည်းအဝေး သို့ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင်ကိုးဦး တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.