Connect with us

Local

မြန်မာ နိုင်ငံသို့ ကမ္ဘာ့ဘဏ် ဒုတိယ ဥက္ကဌ လာရောက်မည်

ကမ္ဘာ့ဘဏ် ဒုတိယဥက္ကဌ ဆင်ဟွာ သတင်းဌာနနှင့် အင်တာဗျူး ပြုလုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၅ ရက် (ဆင်ဟွာ)

ကမ္ဘာ့ဘဏ် ဒုတိယ ဥက္ကဌ အေဇဲဗင်ထရော်ဆင်ဘတ် မြန်မာ နိုင်ငံသို့ ယခု သီတင်းပတ တွင် လာရောက် လေ့လာမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က မေလ (၅) ရက်တွင် သတင်းထုတ်ပြန် သည်။

မကြာသေးခင်က ကမ္ဘာ့ဘဏ်က အတည်ပြု ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်အရ ၂၀၁၅-၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင် (CPF) အရ ကမ္ဘာ့ဘဏ်က အဆင်းရဲဆုံး နိုင်ငံများအတွက် ရန်ပုံငွေ အဖွဲ့ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအသင်း (IDA) မှ အမေရိကန်ဒေါ်လာ သန်း ၁,၆၀၀ အထိ မြန်မာနိုင်ငံကို အတိုးမဲ့ချေးငွေ၊ ရိုးရိုးချေးငွေ၊ ထောက်ပံ့ငွေများ နှင့်အတူ နည်းပညာ အကူအညီနှင့် ပညာ ဗဟုသုတများကိုပါ ပံ့ပိုးကူညီသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) ထံမှ ရင်းနှီးမြှုပ်နှံမှု တန်ဖိုး စုစုပေါင်း အမေရိကန် ဒေါ်လာ သန်းတစ်ထောင်နှင့် နည်းပညာ အကူအညီ အတွက် အမေရိကန် ဒေါ်လာသန်း ၂၀ ကိုပါ လက်ခံ ရရှိမည် ဖြစ်ကြောင်း၎င်း ထုတ်ပြန်ချက် တွင် ပါရှိသည်။

“မြန်မာနိုင်ငံရှိ လူသန်းပေါင်းများစွာ အကျိုးရှိလာပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ အဓိက နေရာ သုံးခုဖြစ်တဲ့ ဆင်းရဲ နွမ်းပါးမှု၊ လူ နဲ့ အလုပ်အကိုင် ကဏ္ဍတွေမှာ အလေးထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဆင်းရဲ နွမ်းပါးမှုကို လျှော့ချပေးနိုင်ဖို့၊ အခြေခံ ဝန်ဆောင်မှုတွေ ရရှိစေဖို့နဲ့ ပုဂ္ဂလိက ကဏ္ဍတို့ကို အားပေး ကူညီသွားမှာ ဖြစ်ပါတယ်”ဟုမစ္စတာ ဗင်ထရော် ဆင်ဘတ်က ပြောကြား သည်။

CPF မူဘောင်သစ် သည် ကမ္ဘာ့ဘဏ်အုပ်စု၏ SCD လေ့လာတွေ့ရှိချက်များ အပေါ်တွင် အခြခံထားသည်။ ထိုမူဘောင်သည် မြန်မာနိုင်ငံအစိုးရ၊ လွှတ်တော်၊ ပုဂ္ဂလိက စီးပွားရေးကဏ္ဍ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းများ နှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် စနစ်တကျ ဆွေးနွေး ဖော်ထုတ်ပြီး ရေးဆွဲခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မစ္စတာ ဗင်ထရော်ဆင်ဘတ်သည် ၎င်း၏ လေးရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံရေး ခေါင်းဆောင်များ၊ ပုဂ္ဂလိကနှင့် ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများနှင့် ဆွေးနွေးရန် ရန်ကုန်နှင့် နေပြည်တော်သို့သွားရောက်မည် ဖြစ်သည်။

လူထုဗဟိုပြု ဖွံ့ဖြိုးရေး စီမံကိန်း၏ ရလဒ်အခြေအနေကို လေ့လာရန် မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်း ဒေသကြီး၏ မြို့တော် မြိတ်မြို့ကိုလည်း သွားရောက် လေ့လာမည် ဖြစ်သည်။ အဆိုပါ လူထုဗဟိုပြု ဖွံ့ဖြိုးရေး စီမံကိန်းသည် ၂၅ နှစ် အတွင်း ကမ္ဘာ့ဘဏ်၏ အကူအညီကို ရရှိသည့် ပထမဆုံး စီမံကိန်း ဖြစ်သည်။

၎င်းစီမံကိန်းသည် ဝေးလံခေါင်ဖျားသည့် အရပ် ဒေသများမှ လူထု အသိုင်းအဝိုင်းကို အခြေခံ အဆောက်အဦးများနှင့် ဝန်ဆောင်မှုများ တိုးတက်ဖွံ့ဖြိုးစေခြင်း စသည့် အကျိူး ရရှိစေမည် ဖြစ်သည်။ (Xinhua)