Connect with us

Local

ကျောက်မျက် ရတနာနှင့် ရိုးရာလက်မှု ပစ္စည်းများ ရောင်းချမည့် မန္တလေး ရတနာမောကို ၂၀၁၆ ခုနှစ်တွင် ဖွင့်လှစ်မည်

ကျောက်မျက် ရတနာနှင့် မြန်မာ့လက်မှုပစ္စည်းများ ရောင်းချမည့် နိုင်ငံတကာ အဆင့်မီ မန္တလေး ရတနာမော အဆောက်အအုံ အတွင်း နမူနာပုံစံ

ရန်ကုန် ၊ မေ ၁၁ ရက် (ဆင်ဟွာ)
မန္တလေးမြို့တွင် အခမ်းနားဆုံး ကျောက်စိမ်း၊ နီလာ၊ မြ၊ ပုလဲ ၊ ပတ္တမြား ကျောက်မျက်ရတနာ ဆိုင်များ၊ စိန်ရွှေငွေနှင့် မြန်မာ့ရိုးရာ လက်မှုပစ္စည်း အရောင်းဆိုင်များ၊ ပိုးထည်နှင့် ကျောက်မျက်ပန်းချီ အရောင်းဆိုင်များ ပါဝင်မည့် မန္တလေး ရတနာမော (Mandalay Yadanar Mall) ကို ၂၀၁၆ ဧပြီလတွင် စတင်ဖွင့်လှစ်ရန်ရှိ ကြောင်း မန္တလေး ရတနာမောမှ ဒါရိုက်တာ ဦးဇော်မင်းထံမှ သိရသည်။

အဆိုပါ ရတနာမောအား ချမ်းအေးသာဇံမြို့နယ်၊ ရတနာပုံ စူပါစင်တာ ဒုတိယထပ်တွင် ဖွင့်လှစ်မှာ ဖြစ်ကြောင်း သိရသည်။ အဆိုပါမောတွင် ဘဏ်နှင့် နိုင်ငံခြား ငွေလဲကောင်တာများ ပါဝင်မှာဖြစ်ပြီး၊ ကျောက်မျက် ရတနာဆိုင် ဖွင့်သူများ အတွက် ဆိုင်ပိတ်ချိန်တွင် ကျောက်မျက်ရတနာများအား သိမ်းဆည်းရန် မီးခံသေတ္တာ လုပ်ငန်း ဝန်ဆောင်မှုလည်း ပါဝင်မှာ ဖြစ်ကြောင်း သိရသည်။

မန္တလေး ရတနာမောမှ ဒါရိုက်တာ ဦးဇော်မင်းက “ ကျွန်တော်တို့ ဒီရတနာမောကို နိုင်ငံတကာ အဆင့်မီ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ဖွင့်လှစ်သွားမှာပါ။ ရတနာမောရဲ့ဆိုင်ခန်း တွေကိုလည်း အခုကတည်းက စတင်ရောင်းချပေးနေပါပြီ” ဟုဆင်ဟွာကို ဖြေကြားသည်။

နိုင်ငံတကာ ရွှေဈေးကွက်ကို သိရှိပြီး အင်တာနက်မှတဆင့် အရောင်းအဝယ် ပြုလုပ်ခြင်း၊ အရည်အသွေးမီ ရတနာပစ္စည်း ဖြစ်စေရန် ပုံဖော်ခြင်း၊ စိန်၊ ရွှေ ထည်များအား အတုအစစ်ခွဲခြင်း ဆိုင်ရာ များလည်း ပါဝင်မှာ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117