Connect with us

Local

မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းရှင်များနှင့် ပူးပေါင်း ဆောင်ရွက်မည်

ငါးမွေးမြူရေးကန် တစ်ခု၌ ငါးများအား ပိုက်ချဖမ်းနေစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာစေရန် နိုင်ငံတော် အစိုးရက မွေးမြူရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြောသည်။

လက်ရှိတွင် စိုက်ပျိုးရေးနှင့် ပြည်တွင်း မွေးမြူရေး လုပ်ငန်းများ တိုးတက်စေရန် အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ပူးပေါင်း ဆောင်ရွက်မှုမှာ အရေးပါသော အခန်းကဏ္ဍတွင် ရှိပြီး နိုင်ငံတော် အစိုးရက ငါးလုပ်ငန်းနှင့် မွေးမြူရေး လုပ်ငန်းများ တိုးတက် လာစေရန် ခိုင်မာသော မူဝါဒများ ချမှတ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် အစိုးရက ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရန် ခိုင်မာသော မူဝါဒများ ချမှတ် ဆောင်ရွက်ရာတွင် ပုဂ္ဂလိကအပိုင်း ပူးပေါင်း ဆောင်ရွက်မှုမှာ အရေးပါ၍ လုပ်ငန်းရှင်များ အနေဖြင့် ပူးပေါင်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနှင့် လုပ်ငန်းရှင် အစုအဖွဲ့ သာမက တစ်ဦးချင်း အခက်အခဲ များကိုလည်း တိုက်ရိုက် ဆက်သွယ် တင်ပြနိုင်ကြောင်း သိရသည်။

ထို့ပြင် ရေထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများတွင် အအေးခန်း စက်ရုံများ အနေဖြင့် ရေထွက်ပစ္စည်း ကုန်ကြမ်း ရရှိမှု အခက်အခဲများ၊ စက်ရုံများ၏ တခြား အခက်အခဲများ၊ ငါး၊ ပုစွန် မွေးမြူရေး လုပ်ငန်းများ အနေဖြင့် ကန်များနှင့် ပတ်သက်သည့် မြေယာ ပိုင်ဆိုင်ခွင့် ဥပဒေများ၊ ပုစွန်ကန်၊ ငါးကန်များ၌ ဖြစ်ပေါ်သော တရားဥပဒေ စိုးမိုးမှု အားနည်းချက်များ၊ အစာဈေးနှုန်း ကြီးမြင့်မှု များ၊ အတိုးနှုန်း သက်သာသော ချေးငွေများ ရရှိရန်၊ ပင်လယ်ငါး သယံဇာတများကို ထိန်းသိမ်း၍ ရေရှည် ထုတ်ယူသုံးစွဲ နိုင်ရန် လိုအပ်ချက်များနှင့် အင်းအိုင် ငါးသယံဇာတ ထိန်းသိမ်းရေး လုပ်ငန်းများ အစရှိသော ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန် ဆောင်ရွက်ရမည့် လိုအပ်ချက်များ ရှိနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.