Connect with us

Local

ဗဟိုဘဏ်မှ ဟောင်းနွမ်းစုတ်ပြဲ ငွေစက္ကူများကို ၂၀၁၇ ခုနှစ်ထိ တိုးမြှင့် လဲလှယ်ပေးမည်

ဟောင်းနွမ်းလျက် ရှိသော မြန်မာ ကျပ်ငွေ စက္ကူ များကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပြည်သူလူထု လက်ဝယ်ရှိ ဟောင်းနွမ်း/စုတ်ပြဲ ချွတ်ယွင်း ငွေစက္ကူများကို ၂၀၁၇ ခုနှစ်ထိ တိုးမြှင့် လဲလှယ်ပေးမည် ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန် ကြေညာလိုက်သည်။

ဟောင်းနွမ်း/စုတ်ပြဲ ချွတ်ယွင်း ငွေစက္ကူများ လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ တန်ဖိုးတူ ငွေစက္ကူများဖြင့် ပြန်လည်လဲလှယ် ပေးခြင်းကို ၂၀၀၉ ခုနှစ် သြဂုတ်လ ၃ ရက်မှ စ၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေလဲ ကောင်တာများနှင့် ရန်ကုန်တိုင်း အတွင်းရှိ နိုင်ငံပိုင် မြန်မာ့စီးပွားရေး ဘဏ်များတွင် စီမံချက်ဖြင့် စတင် ဆောင်ရွက်ခဲ့ပြီး အဆိုပါ လဲလှယ်ပေးမှု အစီအစဉ်ကို ၂၀၁၇ ခုနှစ်ထိ ထပ်မံ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ငွေစက္ကူများ လဲလှယ်ပေးခြင်းကို ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်ထိ တိုးမြှင့် လိုက်သည်။

ယင်း ဟောင်းနွမ်း/စုတ်ပြဲနှင့် ချွတ်ယွင်း ငွေစက္ကူများအား ရန်ကုန်တိုင်း အတွင်းရှိ မြန်မာ့စီးပွားရေး ဘဏ်များအား မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ (၁) လ တစ်ကြိမ် ငွေစက္ကူသစ်များဖြင့် ပြန်လဲလှယ်ပေးခြင်း၊ နယ်ဘဏ်ခွဲများကို မူလအစဉ် (သို့မဟုတ်) ဘဏ္ဍာငွေ အပို့/အယူ ပြုလုပ်သည့်အခါ အစားပြန်ဖြည့်ပေးခြင်းများ ဆောင်ရွက်လျက် ရှိပါသည်။

ပုဂ္ဂလိကဘဏ်များနှင့် ဆက်သွယ်သည့် Customer များမှ ပေးသွင်းငွေများတွင် ဟောင်းနွမ်း/စုတ်ပြဲနှင့် ချွတ်ယွင်း ငွေစက္ကူများ ပါဝင်ပါက လက်ခံသွားရန်နှင့် ကောင်တာများ ဖွင့်၍ လဲလှယ်ပေးရန်လည်း ညွှန်ကြား ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.