Connect with us

Local

မြန်မာနိုင်ငံတွင် Official iPhone များ ဝယ်ယူနိုင်မည့် Authorised Service Provider များ ဖွင့်လှစ်တော့မည်

Apple အထူးထုတ်ကုန်ပြပွဲတွင် iPhone 5S အား ပြသထားစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

Apple ၏ iPhone များကို မြန်မာနိုင်ငံတွင် တရားဝင် တစ်နှစ်အာမခံ (One Year Official Warranty) ဖြင့် Wai Yan Electronics ဆိုင်များတွင် ဖေဖော်ဝါရီလအတွင်း စတင် ရောင်းချပေးတော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Wai Yan Electronic သည် အမေရိကန် အခြေစိုက် Apple ကုမ္ပဏီ၏ iPhone များအတွက် မြန်မာနိုင်ငံတွင် ပထမဆုံး Apple Authorised Reseller (AAR) ရထားခြင်း ဖြစ်ကြောင်း Wai Yan Electronic မှ မန်နေဂျာ ဦးဝင်းထွဋ်က ဆင်ဟွာသို့ ပြောသည်။

Wai Yan Electronics ၏ အရောင်းပြခန်း (၁၀) ဆိုင် အနက်မှ ရန်ကုန်မြို့တွင် (၃)ဆိုင် ၊ မန္တလေးမြို့တွင် (၁)ဆိုင် စုစုပေါင်း (၄)ဆိုင်တွင် Apple iPhone များကို စတင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်မြို့တွင် (၂) နေရာနှင့် မန္တလေးမြို့တွင် (၁) နေရာ စုစုပေါင်း (၃) နေရာတွင် Authorised Service Provider များကိုလည်း ဖေဖော်ဝါရီလ အတွင်းတွင်ပင် တပြိုင်တည်း ဖွင့်လှစ်၍ ဝန်ဆောင်မှုများ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

Wai Yan Electronics မှ မန်နေဂျာ ဦးဝင်းထွဋ်က “ယခုလက်ရှိ မြန်မာနိုင်ငံတွင် ရောင်းချနေတဲ့ iPhone တွေက Apple ကတရားဝင် အသိအမှတ်ပြုထားတာ မဟုတ်တော့ သုံးစွဲသူတွေ အနေနဲ့ ဝယ်ယူထားသော iPhone များ တစ်စုံတစ်ခု ပျက်ယွင်းခဲ့ရင် တခြားနိုင်ငံကို ပြန်လည်ပေးပို့ ပြင်ဆင်ရလို့ အချိန်ကုန် ၊ စရိတ်ပိုကုန်တဲ့ ပြဿနာများစွာကို ကြုံတွေ့ရတာတွေ ရှိတယ်။ လက်ရှိမြန်မာနိုင်ငံမှာ Apple ကုမ္ပဏီက အသိအမှတ် မပြုထားတဲ့ ဆိုင်တွေမှာ ပြင်ရင်လည်း အာမခံ (Warranty) ပျက်ပြယ်မှုတွေ ရှိနိုင်လို့ iPhone သုံးစွဲသူတွေ နစ်နာဆုံးရှုံးမှုတွေ ရှိတယ်။ ကျွန်တော်တို့ဆီက ရောင်းမယ့် iPhone တွေကတော့ တရားဝင် တစ်နှစ်အာမခံ ရှိမယ့်အပြင် Authorised Service Provider တွေ ပါထားတဲ့ အတွက် ဘယ်အချိန်မဆို အလွယ်တကူ ဝန်ဆောင်မှု ပေးသွားမှာဖြစ်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် သုံးစွဲမှု အများဆုံး လက်ကိုင်ဖုန်း မှာ ဟွာဝေး (Huawei) တံဆိပ် ဖြစ်ပြီး ဒုတိယ သုံးစွဲမှု အများဆုံးမှာ ဆမ်ဆောင်း (Samsung) ဖြစ်သည်။ ယခုနောက်ပိုင်းတွင် Apple iphone များကိုလည်း သုံးဆွဲမှု များပြားလာသည်။

မြန်မာနိုင်ငံတွင် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေး မှ ထုတ်လုပ်သော MPT ဆင်းမ်ကဒ် (Sim Card) နှင့် ပုဂ္ဂလိက ကုမ္ပဏီပိုင် တယ်လီနော (Telenor) နှင့် အူရီဒူး (Ooredoo) ဆင်းမ်ကဒ်များကို ငွေကျပ် ၁,၅၀၀ နှင့် ရောင်းချပေးပြီးသည့်နောက် မိုဘိုင်းဖုန်း အသုံးပြုသူ ဦးရေ ပိုမိုများပြားလာခဲ့သည်။ မြန်မာနိုင်ငံတွင် မိုဘိုင်း အသုံးပြုသူဦးရေသည် တစ်လလျင် ၇၀,၀၀၀ နှင့် ပုံမှန် တိုးတက်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သိရသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာ နိုင်ငံတွင် မိုဘိုင်းဖုန်းနှင့် အင်တာနက် အသုံးပြုသူဦးရေ ၂.၆ သန်းရှိပြီး ၂၀၁၅ ခုနှစ်တွင် ၄၀ ရာခိုင်နှုန်း၊ ၂၀၁၆ တွင် ၆၀ ရာခိုင်နှုန်း ၂၀၁၇ တွင် ၈၀ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်မည်ဟု ခန့်မှန်းကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သတင်းထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.