Connect with us

Local

မြန်မာနိုင်ငံတွင် အခွန်ထမ်းပြည်သူ နှစ်သိန်းကျော်သာရှိ

ရန်ကုန်မြို့မြင်ကွင်း(ဆင်ဟွာ)

ရန်ကုန်မြို့မြင်ကွင်း(ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၅၀ ကျော် ၏ ၀ ဒဿမ ၄ ရာခိုင်နှုန်း ရှိသော လူဦးရေ ၂ သိန်းကျော်သာ အခွန် ထမ်းဆောင်နေကြောင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (OECD) ထုတ်ပြန်သော စာတမ်း တွင် ဖော်ပြ ထားသည်။

နိုင်ငံသား တစ်ဦးချင်း အခွန်ထမ်းဆောင်မှု နည်းပါးခြင်း၊ စီးပွားရေး လုပ်ငန်းများ၏ အခွန်ထမ်းဆောင်မှု ပမာဏ နည်းပါးနေခြင်းကြောင့် အခွန်ထမ်း ပြည်သူ နည်းပါးနေသည်။

လက်ရှိတရားဝင် မှတ်ပုံတင် ထားသည့် ဆောက်လုပ်ရေးကုမ္ပဏီ ၁,၄၀၀ ကျော်နှင့် သစ်ထုတ်လုပ်ရေးကုမ္ပဏီ ၉၀ ကျော်ရှိနေသော်လည်း အမှန်တကယ် အခွန်ဆောင်သည့်ကုမ္ပဏီ ထက်ဝက်ခန့်မျှပင် မရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ထံမှ သိရသည်။

မြန်မာနိုင်ငံ အခွန်ထမ်းပြည်သူ နည်းပါးနေခြင်းသည် စီမံခန့်ခွဲမှု အားနည်း မှုကြောင့် ဖြစ်ကြောင်း OECD ရဲ့ သုံးသပ်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန အနေနှင့် အခွန်ထမ်း ပြည်သူများကို အခွန်ထမ်း ဆောင်ရန် စည်းရုံးလှုံ့ဆော်မှုများ ဆောင်ရွက်နေပြီး ပြည်တွင်း လုပ်ငန်းရှင်များကိုလည်း အခွန်နှင့် ပတ်သက်ပြီး ဗဟုသုတများကို နားလည် သဘောပေါက် ရန် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်လျှက် ရှိသည်။

၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွက် ရည်ရွယ် ရေးဆွဲထားသည့် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေမူကြမ်းကို ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီး လွှတ်တော်က အတည်ပြုပြီးပါက ၂၀၁၅ ဧပြီ ၁ ရက်နေ့က စတင် အကျိုးသက်ရောက်မှုရှိမည်။

ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်နှင့် အခြား အဖိုးတန် ကျောက်မျက် ရတနာ နှင့် ကျောက်အရိုင်းထည်များအပေါ် ယခင် အခွန် ၃၀ ရာခိုင်နှုန်း ကောက်ခံရာမှ ယခု ၁၅ ရာခိုင်နှုန်း အခွန် ကောက်ခံပြီး ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်နှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အချောထည်နှင့် လက်ဝတ် ရတနာများကို ၁၅ ရာခိုင်နှုန်း ကောက်ခံရာမှ ယခုအခွန် ၅ ရာခိုင်နှုန်းသာ ကောက်ခံမည် ဖြစ်ကြောင်း ဇန်နဝါရီ ၂၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သော ၂၀၁၅ ပြည်ထောင်စု အခွန်အကောက် ဥပဒေကြမ်းတွင် ထည့်သွင်းထားသည်။

ဤဥပဒေမူကြမ်းတွင် စီးကရက်ကို ၁၂၀ ရာခိုင်နှှုန်းထိ အမြင့်ဆုံးအခွန် သတ်မှတ်ကာ ဆေးရွက်ကြီး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ကွမ်းစားဆေး၊ အရက်နှင့် ဘီယာအမျိုးမျိုးကို ၆၀ ရာခိုင်နှုန်း အခွန် တိုးမြှင့်ကောက်ရန် သတ်မှတ်ထားသည်။

ဝင်ငွေ သိန်း၂၀ အထက် ရှိသူများမှ စတင်၍ အခွန်ဆောင်ရမည်ဖြစ်ပြီး ဝင်ငွေ၏ ၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ အခွန်ထမ်းဆောင်ရန် ဥပဒေကြမ်းတွင် ထည့်သွင်းထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.