Connect with us

Local

ရွှေလီမြို့ ဝမ်တိန်နယ်စပ်ဂိတ် မံမန်လမ်းကြောင်း၌ကုန်သွယ်ရေးပမာဏ အဆက်မပြတ်ပြန်လည်တိုးတက်လာကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထုတ်ပြန်

ရွှေလီမြို့ ဝမ်တိန်နယ်စပ်ဂိတ် မံမန်လမ်းကြောင်း၌ ကုန်ကားများဝင်ရောက်လာမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး)

ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ)

ရွှေလီမြို့ ဝမ်တိန်နယ်စပ်ဂိတ် မံမန်လမ်းကြောင်း၌ ကုန်ပစ္စည်းများ ပြန်လည်ဖြတ်သန်းလာနိုင်ကတည်းက နယ်စပ်ဂိတ်ကို ပုံမှန်လည်ပတ်နိုင်ခဲ့ပြီး ကုန်သွယ်ရေးပမာဏ အဆက်မပြတ်ပြန်လည်တိုးတက်လာခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မေ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ကုန်သွယ်မှုပဏသည် ၂၀၁၉ ခုနှစ်ကပ်ရောဂါမဖြစ်ပွားမီကာလတူနှင့်နှိုင်းယှဉ်ပါက နေ့စဉ်ပျမ်းမျှပို့ကုန်သွင်းကုန် ၄၂ ရာခိုင်နှုန်း အထိပြန်လည်ဖော်ဆောင်နိုင်ခဲ့ပြီး နေ့စဉ်ပျမ်းမျှကုန်သွယ်မှုပမာဏသည် ၂၅၆ ရာခိုင်နှုန်း ထိတိုးတက်လာသဖြင့် ကပ်ရောဂါမတိုင်မီ၏ ၃ ဒသမ ၅ ဆဖြစ်ကြောင်း သိရသည်။

ရွှေလီမြို့ ဝမ်တိန်နယ်စပ်ဂိတ် မံမန်လမ်းကြောင်း၌ ကုန်ကားများဝင်ရောက်လာမှုအားတွေ့ရစဉ် (ဓာတ်ပုံ– မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး)

မံမန်လမ်းကြောင်းတွင် စမတ်နယ်စပ်ဂိတ်စီမံအုပ်ချုပ်မှုစနစ်ဖော်ဆောင်ပြီး ကွန်တိန်နာနယ်စပ်ဂိတ်ဖြတ်သန်းရာတွင် ခွဲခြားသိရှိနိုင်သောစနစ်တပ်ဆင်ကာ နိုင်ငံတကာကုန်စည်စီးဆင်းမှုအချက်အလက်ပလက်ဖောင်း စတင်အသုံးပြုခဲ့ကြောင်း၊ နယ်စပ်ဂိတ်များတစ်ပြေးညီဖြစ်သည့် “One Stop services နှင့် ကောင်တာတစ်ခုတွင်ငွေကောက်ခံမှု” စီမံအုပ်ချုပ်ရေးပလက်ဖောင်းတည်ဆောက်ပြီး စရိတ်ကောက်ခံမှုစံနှုန်းနှင့် လုပ်ငန်းလုပ်ဆောင်သည့်အဆင့်များလျှော့ချကာ နယ်စပ်ဂိတ် ဝန်ဆောင်မှုအရည်အသွေးအား မြှင့်တင်လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနှင့်ပေါင်းစပ်၍ အဆိုပါလမ်းကြောင်းကို ယခင်က ပို့ကုန်သွင်းကုန်ပစ္စည်းများ “တန်ဖိုးနည်းနည်းပမာဏများများ” မှ “တန်ဖိုးမြင့်မြင့်ပမာဏနည်းနည်း” အဖြစ်ပြောင်းလဲကာ ပို့ကုန်သွင်းကုန်ပစ္စည်းပမာဏလျှော့ချသည့်အခြေအနေတွင် ကုန်သွယ်ရေးပမာဏတိုးတက်မှုကိုဖော်ဆောင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.