Connect with us

Local

ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံမှ ဆန် တန်ချိန်ပေါင်း ၁၀၆,၈၅၅ တန် တင်ပို့နိုင်

ရန်ကုန်မြို့ရှိ ဆန်ပွဲရုံတစ်ခုတွင် ဆန်ပြာနေသော အမျိုးသမီးတစ်ဦးကို ၂၀၂၂ ခုနှစ်၊ မေ ၂၂ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ)

၂၀၂၃ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၁၀၆,၈၅၅ တန် တင်ပို့ခဲ့ပြီး ဇန်နဝါရီလတွင် ဆန်တင်ပို့မှု ၁၇၁,၈၁၁ တန်တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ မတ် ၈ ရက်တွင် ပြောသည်။မြန်မာနိုင်ငံအနေဖြင့် ဖေဖော်ဝါရီလတွင် ဆန်ကွဲတန်ချန် ၈၄,၅၄၉ တန် တင်ပို့နိုင်ခဲ့ပြီး ဇန်နဝါရီလတွင် ၉၇,၀၂၄ တန်တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲ ဝယ်ယူမှုတွင် ထိပ်တန်းဝယ်ယူသူအဖြစ် ဆက်လက်ရပ်တည်ခဲ့ပြီး ဖေဖော်ဝါရီလတွင် ဆန်တန်ချိန် ၄၅,၀၀၀ နှင့် ဆန်ကွဲတန်ချိန် ၆၄,၃၂၁ တန် ဝယ်ယူခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။

ယမန်နှစ် ဧပြီလမှ စတင်သော ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမ ၁၁ လတာ ကာလအတွင်း မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှုသည် တန်ချိန် ၁.၂၈ သန်းကျော်ရှိခဲ့ပြီး ဆန်ကွဲ တင်ပို့မှုမှာ တန်ချိန် ၈၁၂,၄၈၈ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ဆန်နှင့် ဆန်ကွဲများကို အများအားဖြင့် ပင်လယ်ရေကြောင်းမှ တင်ပို့လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲကို တရုတ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဥရောပသမဂ္ဂနိုင်ငံများ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ အာဖရိကနိုင်ငံများနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့တင်ပို့နေကြောင်း သိရသည်။မြန်မာနိုင်ငံတွင် စပါးကိုအများဆုံးစိုက်ပျိုးပြီးပဲမျိုးစုံမှာ ဒုတိယအများဆုံးစိုက်ပျိုးကြောင်း သိရသည်။ (Xinhua)