Connect with us

Local

ရန်ကုန်မြို့ ကမ်းနားလမ်းတစ်လျှောက် လျှပ်စစ်ရထား (TRAM) ကို ဇန်နဝါရီ ၁ဝ ရက်တွင် စတင်ပြေးဆွဲမည်

ရန်ကုန်မြို့ တွင်း ပြေးဆွဲမည့် လျှပ်စစ် ရထားအား မြင်တွေ့ ရစဉ်(MOI)

ရန်ကုန် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့ ကမ်းနားလမ်းတစ်လျှောက် လျှပ်စစ်ရထား (TRAM) ကို ဇန်နဝါရီ ၁ဝ ရက်တွင် စတင်ပြေးဆွဲတော့ မည်ဖြစ်ပြီး ဝါးတန်း ဘူတာမှ နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၃ နာရီ ၁၅ မိနစ်ထိ ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား(အောက်မြန်မာပြည်)ရုံးချုပ်မှ သိရသည်။

လျှပ်စစ်ရထား ပြေးဆွဲမည့် ဘူတာများမှာ ဝါးတန်း ဘူတာ ၊ စဉ့်အိုး တန်းဘူတာ၊ ပန်းဆိုးတန်းဘူတာ၊ ဗိုလ်တထောင် ဘူတာ၊ လင်းစဒေါင်း ဘူတာတို့ ဖြစ်ပြီး နောက်ပိုင်းတွင် လင်းစဒေါင်းမှ ပုဇွန်တောင် ဘူတာထိ၊ ထော်လီကွေ့မှ ကြည့်မြင်တိုင်ဘူတာထိ တိုးချဲ့ပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုပြေးဆွဲမည့် လျှပ်စစ်ရထား၏လက်မှတ်ခ နှုန်းထားမှာ တစ်စောင်လျှင် ငွေကျပ် ၁ဝဝ ဖြစ်ပြီး တစ်နေ့လျှင် ခေါက်ရေ ၁ဝ ကြိမ်ပြေးဆွဲမည်ဖြစ်ကာ တစ်ခေါက်လျှင် လူ ၂ဝဝ ခန့် စီးနင်းလိုက်ပါနိုင် မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့နိုင်စေရန် လျှပ်စစ်ရထားပြေးဆွဲမှုအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မော်တော် ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဆိပ်ကမ်းရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနတို့ကလည်း ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ရထားပြေးဆွဲနိုင်ရန် ဝါးတန်းလမ်းတွင် Depot တစ်ခုတည်ဆောက်၍ Substation များ ဆောင်ရွက် ပေးခဲ့ပြီး လျှပ်စစ်ဓာတ်အား သွယ်တန်းမှုအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လျှပ်စစ်ရထားပြေးဆွဲမှုအတွက် နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ သန်း အကုန်ကျခံခဲ့ကြောင်း သိရသည်။

မြို့ပတ်ရထားစီးခရီးသည်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၇ ရက် တွင် ပုဇွန်တောင် နှင့် ထော်လီကွေ့ကြား ကမ်းနားလမ်းပိုင်းတွင် (RBE)လူစီးရထားကို စတင် ပြေးဆွဲ ပေးခဲ့ပြီး ယခု ၂ဝ၁၆ ခုနှစ်တွင် ကမ်းနားလမ်းတစ်လျှောက် TRAM လျှပ်စစ်ရထား ပြေးဆွဲခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.