Connect with us

Local

ကားတင်သွင်းမှု မူဝါဒများ ပြန်လည် ဖြေလျှော့ပေးမည်ဟု ဝန်ကြီးဌာန ဘက်မှ သဘောတူညီမှု ရရှိ

ရန်ကုန်မြို့ရှိ ကားအရောင်းပြခန်း တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

၂၀၁၆ အတွက် ကားတင်သွင်းရန် သတ်မှတ်ထားသည့် မူဝါဒများကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဘက်မှ ပြန်လည် ဖြေလျှော့ပေးမည် ဖြစ်ကြောင်း ကားတင်သွင်း ရောင်းချသူများ ထံမှ သိရသည်။

ယင်း၂၀၁၆ အတွက် ကားတင်သွင်းရန် သတ်မှတ်ထားသော သတ်မှတ်ချက် အများစုကို ပြန်လည် ပယ်ဖျက်ပြီး ၂၀၁၅ မူဝါဒ အဟောင်းဖြင့် တင်သွင်းခွင့် ရရှိရန် သမ္မတထံ တင်ပြ ပြီးနောက် ဇန်နဝါရီ ၅ ရက်တွင် စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၌ ညှိနှိုင်း ဆွေးနွေးမှုပြု လုပ်ကာ သတ်မှတ်ချက် အချို့ ဖြေလျှော့ ပေးရန် သဘောတူညီခဲ့ ကြောင်း အဆိုပါ အစည်းအဝေး တက်ရောက် သူများထံမှ သိရသည်။

အဆိုပါ အစည်းအဝေးတွင် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန၊ စီးပွား ကူးသန်း ဝန်ကြီးဌာနတို့မှ ပြည်ထောင်စု ဝန်ကြီးများက မော်တော်ယာဉ် တင်သွင်း ရောင်းချသူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ လုပ်ငန်းရှင်များ၏ တောင်းဆိုမှုကို လိုက်လျောရန် အတွက် မူဝါဒ အသစ်ကို ပြန်လည် ပြင်ဆင်ပေးရန် သဘောတူညီခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၆ မူဝါဒ အသစ်ကို ၂၀၁၅ မူဝါဒဖြင့် ပြန်လည် ပြင်ဆင် နိုင်ခဲ့ပါက နှစ်သစ်တွင် မြင့်တက်လာဖွယ် ရှိသော ကားဈေး နှုန်းများ ပြန်လည် ကျဆင်းလာနိုင်ကြောင်း မော်တော်ယာဉ် အရောင်းအဝယ် ပြုလုပ်သူများထံမှ သိရသည်။

၂၀၁၆ အတွက် တင်သွင်းရမည့် မော်တော်ယာဉ်များ ထုတ်လုပ်သည့် ခုနှစ်ကို ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ဒီဇင်ဘာလ ၁၈ ရက်တွင် နိုင်ငံပိုင် သတင်းစာများ၌ ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.