Connect with us

Business

မြန်မာနိုင်ငံက ၂၀၂၃ ခုနှစ်တွင် ကော်ဖီတင်ပို့မှု နှစ်ဆတိုးရန် ကြိုးစားလျက်ရှိ

မြန်မာနိုင်ငံမှ ထွက်ရှိသော ကော်ဖီစေ့များကို တွေ့ရစဉ် (ဓာတ်ပုံ- စားသုံးသူရေးရာဦးစီးဌာန)

ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ယခင်နှစ်ကတင်ပို့မှု၏ နှစ်ဆဖြစ်သော ကော်ဖီတန်ချိန် ၁၀,၀၀၀ အထိ တင်ပို့ရန် မျှော်မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောသည်။
မြန်မာနိုင်ငံက ၂၀၂၂ ခုနှစ် ကော်ဖီတန်ချိန် ၅,၀၀၀ နီးပါး တင်ပို့ခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။
ကော်ဖီကို မြန်မာနိုင်ငံတွင် နှစ်စဉ် နိုဝင်ဘာလ မှ ဖေဖော်ဝါရီလအတွင်း ခူးဆွတ်ခဲ့ပြီး ဧပြီလမှ မေလအတွင်း ပြည်ပဈေးကွက်သို့တင်ပို့ကြောင်း သိရသည်။

မြန်မာနိုင်ငံက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကော်ဖီတန်ချိန် ၅၈၀၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ကော်ဖီများကို တရုတ်နိုင်ငံ၊ထိုင်းနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ဂျာမနီနိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံသို့တင်ပို့ခဲ့ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ကော်ဖီစိုက်ပျိုးသည့် ဧက ၅၀,၀၀၀ ခန့်ရှိပြီး ဧက ၃၈,၀၀၀ခန့်ကို Arabica ကော်ဖီစိုက်ပျိုးပြီး ဧက ၁၂,၀၀၀ ခန့်ကို Robusta ကော်ဖီစိုက်ပျိုးကြောင်းသိရသည်။
မြန်မာနိုင်ငံတွင်နှစ်စဉ်ကော်ဖီတန်ချိန် ၉,၀၀၀ ကျော်ထွက်ရှိပြီး Arabica ကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ တွင် ကော်ဖီပင်များကို မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့ တွင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ (Xinhua)