Connect with us

Culture & Entertainment

တရုတ်နိုင်ငံမှ ကြေးမောင်းကြီး ကမ္ဘာ့အကြီးဆုံး ကြေးမောင်းအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်


နန်နင်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွမ်ရှီးကျွမ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မှ ပြုလုပ်သည် ကြေးမောင်းကြီး တစ်လုံးသည် ကမ္ဘာ့အကြီးဆုံး ကြေးမောင်းအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ကြောင်း ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

အဆိုပါ ကြေးမောင်းကြီးသည် အချင်း ၆.၆၈မီတာ နှင့် အနက် ၂.၈မီတာရှိကာ အလေးချိန် တန် ၅၀ ရှိကြောင်း သိရသည်။

ယင်းကြေးမောင်းအား ကြေးသွန်းပညာရှင် ဝေချီချူ က ပုံစံရေးဆွဲ၍ ၁၀လကြာအချိန်ယူလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့အကြီးဆုံး ကြေးမောင်းအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့သည့် ကြေးမောင်းကြီးအားတွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘာ့အကြီးဆုံး ကြေးမောင်းအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့သည့် ကြေးမောင်းကြီးအားတွေ့ရစဉ် (ဆင်ဟွာ)

ကြေးမောင်း၏ အပေါ်ပိုင်းမျက်နှာပြင်တွင် ဖားရုပ် ၄ရုပ်၊ မောင်နန်းမြို့နွယ်စု၏ ရိုးရာပုံစံများ နှင့် ၎င်းတို့၏ ကြားတွင် မျက်နှာဖုံးများထည့်သွင်း၍ အလှဆင်ထားပြီး အောက်ခြေတွင် ၂.၆၈မီတာ အမြင့်ရှိသော နွားရိုင်း၄ကောင် ပါရှိကြောင်း သိရသည်။

ကမ္ဘာ့စံချိန်တင် အထိမ်းအမှတ်ပွဲအား ကြေးမောင်းများ ပြုလုပ်ရာတွင် နာမည်ကြီးသည့် ဟဲချီမြို့ရှိ ဟွမ်ဂျန်း မောင်နန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.