Connect with us

Culture & Entertainment

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ သတင်းစာဆရာ အတွေးအမြင်စာအုပ် ပုံနှိပ်ထုတ်ဝေ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ သတင်းစာဆရာ အတွေးအမြင်စာအုပ်ကို People’s Publishing House နှင့် Xuexi Publishing House တို့က ပုံနှိပ်ထုတ်ဝေလိုက်ကြောင်း ထုတ်လုပ်သူများက ဇွန်လ ၁၄ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ စာအုပ်ကို တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ လူထုသတင်းထုတ်ပြန်ရေးကြော်ငြာဌာနက ပြုစုခဲ့ခြင်းဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ ဆင်ဟွာ စာအုပ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။

ရှီ၏ သတင်းစာဆရာ အတွေးအမြင်စာအုပ်သည် ခေတ်သစ်အတွက် တရုတ်သွင်ပြင်လက္ခဏာများနှင့်အတူ ဆိုရှယ်လစ်စနစ်အပေါ် ရှီ၏ အတွေးအမြင်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

CPC ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှှီသည် ၂၀၁၂ ခုနှစ်တွင် ၁၈ ကြိမ်မြောက် CPC အမျိုးသားညီလာခံပြီးကတည်းက ပါတီ၏ ကြော်ငြာလုပ်ငန်း ခိုင်မာရေးနှင့် တိုးတက်ရေးအတွက် အမြင်သစ်များ၊ စီရင်ချက်များနှင့် လိုအပ်ချက်များစွာ မြင့်တက်လာခဲ့ကြောင်း၊ ပါတီ၏ လူထု သတင်းထုတ်ပြန်ရေးကြော်ငြာဌာန ကာလရှည် ဖွံ့ဖြိုးတိုးတက်မှုနှင့် စပ်ဆိုင်သည့် အခြေခံကျပြီး မဟာဗျူဟာကျသော အလုံးစုံ ကိစ္စရပ်များအတွက် အဖြေများ ထွက်ရှိလာခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်သည် ရှီ၏ သတင်းစာဆရာ အတွေးအမြင်အား မခြွင်းမချန်ဘဲ နက်နက်ရှိုင်းရှိုင်း ရှင်းပြထားကာ သတင်းစာဆရာများအတွက် ဗဟုသုတ မြင့်မားစွာ ပေးထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.