Connect with us

Culture & Entertainment

ကျော်ကြားသည့် တရုတ် စာရေးဆရာမ ယန်ကျန့် ကွယ်လွန်

စာရေးဆရာမ ယန်ကျန့်အား ၂၀၀၁ ခုနှစ် စက်တင်ဘာလက ရိုက်ကူးထားသည့် ဓာတ်ပုံအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၆ ရက် (ဆင်ဟွာ)

တရုတ် ပြဇာတ်ရေး ဆရာမ၊ စာရေးသူနှင့် ဘာသာပြန် အသက် ၁၀၅ နှစ်အရွယ် ယန်ကျန့် (Yang Jiang) သည် မေလ ၂၅ ရက်က ကွယ်လွန်သွားခဲ့ကြောင်း တရုတ် လူမှုသိပ္ပံ တက္ကသိုလ် (CASS) က ဆင်ဟွာသို့ ပြောသည်။

ပေကျင်မြို့၌ မွေးဖွားခဲ့သည့် ယန်ကျန့်သည် ၁၉၃၀ ပြည့်လွန် နှစ်များအတွင်း Soochow တက္ကသိုလ်နှင့် Tsinghua တက္ကသိုလ် စသည်တို့၌ ပညာသင်ကြားခဲ့သည်။ ထို့နောက် ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း တရုတ် ပညာတတ်များ၏ ဘဝများအား သရုပ်ဖော် ရေးသားထားသည့် “Fortress Besieged” ဝတ္ထုအား ရေးသားသူ ချန်ကျုံးစူး (Qian Zhongshu) နှင့် လက်ထပ်ခဲ့သည်။
အင်္ဂလိပ်၊ ပြင်သစ်နှင့် စပိန်ဘာသာစကားများ ကျွမ်းကျင်စွာ တတ်မြောက်ထားသည့် ယန်ကျန့်သည် Don Quixote ဂန္တဝင် ဝတ္ထုနှင့် ပြင်သစ် ဝတ္ထု Gil Blas စသည်တို့အား တရုတ်ဘာသာသို့ ပြန်ဆိုခဲ့သည်။
ယန်သည် ပြဇာတ်များ၊ ဝတ္ထုများနှင့် စာတမ်းများ အမြောက်အမြားရေးသားခဲ့ပြီး “We Three” ဟူသည့် စာတမ်း မှာ တရုတ်နိုင်ငံတွင်ရော ပြည်ပနိုင်ငံများတွင်ပါ ကျော်ကြားခဲ့သည်။
၂၀၀၁ ခုနှစ်တွင် ယန်နှင့် ခင်ပွန်းဖြစ်သူ ကျုံးစူး တို့သည် ၎င်းတို့၏ စာမူခများအား Tsinghua တက္ကသိုလ်သို့ လှူဒါန်းခဲ့ပြီး ပညာသင်ဆု အဖြစ် တည်ထောင်ခဲ့ကာ ကျောင်းသား ၁,၀၀၀ ကျော်အား ထောက်ပံ့ ပေးနိုင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.