Connect with us

Culture & Entertainment

ဒစ္စနေး၏ “Frozen II” ရုပ်ရှင်ဇာတ်ကား တရုတ်နိုင်ငံ ရုပ်ရှင်ရုံများ၌ ထိပ်ဆုံးတွင်နေရာယူ

"Frozen II" ရုပ်ရှင်ဇာတ်ကား ပိုစတာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ဒစ္စနေး (Disney) ရုပ်ရှင်ကုမ္ပဏီက ၂၀၁၃ ခုနှစ်တွင် ပြသခဲ့သော “Frozen”  ဇာတ်ကား၏ နောက်ဆက်တွဲ “Frozen II”  ရုပ်ရှင်ဇာတ်ကားသည် တရုတ်နိုင်ငံ၏ ရုပ်ရှင်ရုံများ၌ ရုံတင်ပြသသည့် နိုဝင်ဘာ ၂၂ ရက်တွင်ပင် ထိပ်ဆုံးနေရာ၌ ရပ်တည်ခဲ့ကြောင်း တရုတ် ရုပ်ရှင် သတင်းအချက်အလက်ကွန်ရက်က နိုဝင်ဘာ ၂၃ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ ရုပ်ရှင်သည် လက်မှတ်ရောင်းရငွေ ယွမ် ၇၂ ဒသမ ၅၂ သန်းကျော် (အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃၁ သန်း) ရရှိခဲ့ကာ နေ့စဉ်စုစုပေါင်း ဝင်ငွေ၏ ၅၇ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဂီတကိုအခြေခံသော ပျော်ရွှင်ဖွယ်ကာတွန်းရုပ်ရှင်တွင် ရေခဲစွမ်းအားရှင် ဘုရင်မ အယ်လ်ဆာ (Elsa) နှင့် ၎င်း၏ နွေးထွေးသော နှလုံးသားပိုင်ရှင် ညီမလေး အန်နာ (Anna) တို့၏အကြောင်းကို ဆက်လက်တင်ဆက်သွားမည် ဖြစ်သည်။

ဤကာတွန်းရုပ်ရှင်ဇာတ်ကားသစ်တွင် အန်နာနှင့် အယ်လ်ဆာတို့က ၎င်းတို့၏နိုင်ငံကို ကယ်တင်ရန် အယ်လ်ဆာပိုင်ဆိုင်သည့် စွမ်းအားများ၏ မူလရင်းမြစ်ကို ရှာဖွေရန် နှစ်သက်ကြည်နူးဖွယ်ကောင်းသော သစ်တောတစ်ခုဆီသို့ သွားရောက်သည်ကို ရိုက်ကူးပြသထားသည်။

ရုံဝင်လက်မှတ် ရောင်းအားအကောင်းဆုံး ဒုတိယနေရာ၌ ပြည်တွင် မှုခင်းရုပ်ရှင်ဇာတ်ကားဖြစ်သော “The Guilty Ones” ဇာတ်ကားဖြစ်ပြီး ပထမဆုံးရုံတင်ပြသသည့် နိုဝင်ဘာ ၂၂ ရက်တွင် ယွမ် ၁၁ ဒသမ ၉၉ သန်း ရရှိခဲ့သည်။ ယင်းဇာတ်ကားသည် ကျန်းမာရေးအခြေအနေ နောက်ဆုံးအဆင့်ဖြစ်နေသည့် မိခင်တစ်ဦးက ၎င်း၏သမီးကို သတ်သွားသူအား ဆယ်နှစ်ကျော်ကြာ ရှာဖွေနေသည့်အကြောင်း ရိုက်ကူးထားခြင်း ဖြစ်သည်။

ထို့နောက် တရုတ် ကြည်နူးဖွယ် အချစ်အလွမ်းဖွဲ့ဇာတ်ကား “Somewhere Winter” ဇာတ်ကားက ဝင်ငွေ ယွမ် ၉ ဒသမ ၁၅ သန်းခန့်ဖြင့်  တတိယနေရာတွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.