Connect with us

Economy

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်တွင် ဗီဒီယိုမှတစ်ဆင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၆၆ ခု လက်မှတ်ရေးထိုး

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ ကွန်တိန်နာဆိပ်ကမ်းတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ကျိနန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်တွင် ခန့်မှန်းခြေ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၃၉ ဘီလီယံရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၆၆ ခု၏ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို မြို့ ၁၆ မြို့၌ ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ယနေ့ (ဖေဖော်ဝါရီ ၂၅ ရက်) တစ်ပြိုက်နက်တည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကုန်ထုတ်လုပ်မှု၊ နည်းပညာမြင့် ဓာတုစက်ရုံ၊ စွမ်းအင်သစ်နှင့် ကုန်ပစ္စည်းအသစ်များနှင့် အခြား စက်မှုလုပ်ငန်းများ ပါဝင်သော စီမံကိန်းများအား တောင်ကိုရီးယား၊ စင်ကာပူ၊ ဂျပန်၊ ဂျာမနီ၊ အမေရိကန်နှင့် ပြင်သစ် စသည့် နိုင်ငံနှင့် ဒေသ ၁၃ ခုမှ အဓိကရင်းနှီးမြှုပ်နှံထားသည်။၎င်းတို့အနက် ခန့်မှန်းခြေ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၂ ဘီလီယံ တန်ဖိုးရှိသော စီမံကိန်း ၁၅ ခုမှာ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံမှဖြစ်ကြောင်း သိရသည်။  (Xinhua)