Connect with us

Economy

တရုတ်-အာဆီယံ ကုန်စည်ပြပွဲအား စက်တင်ဘာလတွင် ပြုလုပ်မည်

၁၃ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲဖွင့်ပွဲအား တရုတ်နိုင်ငံ နန်နင်းမြို့၌ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ)

၁၅ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲအား တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် နန်နင်းတွင် စက်တင်ဘာလ ၁၂ ရက်မှ ၁၅ ရက်အထိ ပြုလုပ်ထားရန် စီစဉ်ထားကြောင်း ပြပွဲဖြစ်မြောက်ရေး စီစဉ်သူက မတ်လ ၁၃ ရက်က ကြေညာလိုက်သည်။

ယခုနှစ် ကုန်စည်ပြပွဲ၏ ဆောင်ပုဒ်မှာ “၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီးနှင့် ဆန်းသစ်တီထွင်မှုရှိသော တရုတ်-အာဆီယံ အသိုက်အဝန်း ပူးတွဲတည်ထောင်ခြင်း” ဖြစ်သည်။

အထူးသဖြင့် ပိုးလမ်းမကြီး စီးပွားရေးလမ်းကြောင်းနှင့် ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီး တစ်လျှောက်ရှိ နိုင်ငံများအား စီးပွားရေးအခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်ရန် ကုန်စည်ပြပွဲသို့ တက်ရောက်ရန် ဖိတ်ကြားကြောင်း ကုန်စည်ပြပွဲ၏ အထွေထွေ အတွင်းရေးမှူး Wang Lei က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အရာရှိ Guo Chuanwei က တရုတ်နိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ထိပ်တန်းကုမ္ပဏီကြီးများ စုစည်းကာ ကုန်စည်ပြပွဲသို့ တက်ရောက်ပြီး နက်ရှိုင်းသည့် ပူးပေါင်းဆောင်ရွက်မှု ရရှိစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ကုန်စည်ပြပွဲအား ၂၀၀၄ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံနှင့် အာဆီယံအကြား ကုန်သွယ်ရေးနှင့် ဆက်ဆံရေး မြှင့်တင်သည့် အရေးပါသော ပေါင်းကူးစြင်္ကံ တစ်ခု ဖြစ်ခဲ့သည်။

တရုတ်နိုင်ငံသည် အာဆီယံ၏ အကြီးဆုံး ကုန်သွယ်မှု မိတ်ဖက်နိုင်ငံဖြစ်သလို အာဆီယံသည်လည်း တရုတ်နိုင်ငံ၏ တတိယအကြီးဆုံး မိတ်ဖက်နိုင်ငံ တစ်ခုဖြစ်သည်။ နှစ်ဘက်ကုန်သွယ်မှုသည် ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ ၁၃.၈ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၅၁၄.၈ ဘီလီယံ ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.