Connect with us

Economy

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် APEC ထိပ်သီး ညီလာခံ တက်ရောက်ရန် ဖိလစ်ပိုင် နိုင်ငံသို့ရောက်ရှိ

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့သို့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ရောက်ရှိလာစဉ် (ဆင်ဟွာ)

မနီလာ၊ နိုဝင်ဘာလ ၁၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (APEC) စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေးပွဲအား တက်ရောက်ရန် အတွက် ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့သို့ နိုဝင်ဘာလ ၁၇ ရက်နေ့က ရောက်ရှိလာကြောင်း သိရသည်။

အစည်းအဝေးအတွင်း ရှီမှ အာရှ-ပစိဖိတ် ဒေသ တွင် ပူးပေါင်းဆောင်ရွက်မှုအပေါ် တရုတ် နိုင်ငံ၏ မူဝါဒများအား ရှင်းလင်း ပြောကြားမည် ဖြစ်ပြီး ၂၀၁၄ ခုနှစ် ပေကျင်းတွင် ပြုလုပ်ခဲ့သည့် APEC အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် အထွေထွေ သဘော တူညီချက်များအား ပြည့်စုံအောင် ဖြည့်စွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

APEC ထိပ်သီး အစည်းအဝေးအတွင်း သမ္မတရှီ၏ ပါဝင်မှုသည် လက်ခံကျင်းပသည့် နိုင်ငံအား တရုတ်နိုင်ငံက အားဖြည့် ထောက်ခံခြင်းကို ပြသခြင်း ဖြစ်ပြီး APEC အစည်းအဝေးအတွင်း တရုတ် နိုင်ငံသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း လွန်ခဲ့သော တစ်ပတ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ အလုပ်သဘော ရောက်ရှိလာသည့် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ မှ ပြောကြားခဲ့သည်။

၎င်းမှ ၂၀၁၄ ခုနှစ်၌ ပေကျင်း၌ ပြုလုပ်ခဲ့သည့် APEC ထိပ်သီး ညီလာခံတွင် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ အရေးကြီးသော အထွေထွေ သဘော တူညီချက်များ ရရှိခဲ့ပြီး တရုတ်အနေဖြင့် ၂၀၁၅ ခုနှစ် ညီလာခံတွင် ဒေသတွင်း စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု များအား အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

အာရှ-ပစိဖိတ် လွတ်လပ်သော ကုန်သွယ်ရေး ဧရိယာ (FTAAP) သည် APEC ဒေသတွင်း ပေါင်းစည်းမှု၏ ရည်ရွယ်ချက် အသစ် ဖြစ်လာမည်ဖြစ်ပြီး တရုတ် နိုင်ငံ အနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ နဲ့ပူးပေါင်းပြီး FTAAP လေ့လာခြင်း ဆိုင်ရာ ဗျူဟာများကို ၂၀၁၆ ခုနှစ် အကုန်တွင် ပြည့်စုံအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရုတ် နိုင်ငံ စီးပွားရေး ဒုတိယ ဝန်ကြီး ဝမ်ရှို့ဝင် မှ ပြောကြားခဲ့သည်။

ဝမ်မှ APEC ထိပ်သီး ညီလာခံမှ ခေါင်းဆောင်များသည် နိုင်ငံပေါင်းစုံ ကုန်သွယ်ရေး စနစ်ကို ထောက်ပံ့နိုင်ရန် အတွက် ထုတ်ပြန်ချက် တစ်ခုကို ထုတ်ပြန်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အာရှ-ပစိဖိတ်သည် တစ်ကမ္ဘာလုံး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အရေးကြီးပြီး ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်း၊ ကမ္ဘာ့ကုန်သွယ်ရေး နှင့် ၄၈ ရာခိုင်နှုန်း နှင့် တစ်ကမ္ဘာလုံး၏ ထုတ်ကုန် ၅၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်း သိရသည်။

ရှီသည် တူရကီနိုင်ငံ၏ ကမ်းရိုးတန်း မြို့ အန်တယ်ရာမြို့တွင် ကျင်းပသည့် G20 ထိပ်သီး ညီလာခံသို့ တက်ရောက် ပြီးနောက် ဖိလစ်ပိုင် နိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.