Connect with us

Economy

ခေတ်သစ် ပိုးလမ်းမကြီး ( One Belt And One Road )

ပိုးလမ်းမ ကုန်သွယ်ရေး လမ်းကြောင်း နှင့် ၂၁ ရာစု ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းတို့ ပေါင်စပ် ပါဝင်သည့် ခေတ်သစ် ပိုးလမ်းမကြီး မြေပုံ (ဆင်ဟွာ)

ရန်ကုန် ၊ မေ ၂၁ ရက် (ဆင်ဟွာ)

ခေတ်သစ် ပိုးလမ်းမကြီး (One Belt And One Road အတိုကောက် “OBAOR” ၊ One Belt One Road အတိုကောက် “OBOR” နှင့် Belt And Road အတိုကောက် “BAR” ) သည် ပိုးလမ်းမ ကုန်သွယ်ရေး လမ်းကြောင်း နှင့် ၂၁ ရာစု ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းကို ပေါင်းစပ် ခေါ်ဝေါ်ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ် စက်တင်ဘာလ နှင့် အောက်တိုဘာလ တွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် အာရှ အလယ်ပိုင်းနှင့် အရှေ့တောင် အာရှသို့ သွားရောက် လည်ပတ်စဉ်တွင် အတူတကွ ပူးပေါင်း၍ ပိုးလမ်းမ ကုန်သွယ်ရေး လမ်းကြောင်းနှင့် ၂၁ ရာစု ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းကို ထူထောင်မည့် အရေးပါ သည့် အဆိုပြုချက်ကို ပြောကြားခဲ့ပြီး ကမ္ဘာ့ နိုင်ငံ အသီးသီး၏ စိတ်ဝင်စားမှု ရရှိခဲ့သည်။

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်မှလည်း တရုတ်-အာဆီယံ ကုန်စည်ပြပွဲ တက်ရောက် စဉ်တွင် အတူတကွ ခေတ်သစ် ပိုးလမ်းမကြီး ကို အမြန် အကောင်အထည် ဖော်ခြင်းဖြင့် ပိုးလမ်းမကြီး လမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံများ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင် ရွက်မှု အတွက် အကျိုးရှိကြောင်း ပြောကြား ခဲ့သည်။

ခေတ်သစ် ပိုးလမ်းမကြီးသည် ရုပ်ဝတ္ထု တည်ဆောက်မှု သက်သက် မဟုတ်ဘဲ ဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်း သည့် အတွေးအခေါ်နှင့် အယူအဆ ဖြစ်သည် ။ တရုတ်နိုင်ငံနှင့် အခြား သက်ဆိုင်ရာ နိုင်ငံတို့ ပါဝင်သည့် ဘက်စုံ တည်ဆောက်မှု တစ်ရပ် ဖြစ်သည်။ ဒေသတွင်း ထိရောက်သော ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများ ဆောင်ရွက်ပြီး ငြိမ်းချမ်းစွာ ဖွံ့ဖြိုး တိုးတက်ရေး ဟူသည့် ဆောင်ပုဒ်ကို လက်စွဲ ကိုင်ကာ ခေတ်သစ် ပိုးလမ်းမကြီး လမ်းကြောင်း တစ်လျှောက် နိုင်ငံများ မိတ်ဆွေ ဆက်ဆံရေး တည်ဆောက်ခြင်း ၊ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု တည်ဆောက်ခြင်း ၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ခြင်း နှင့် ယဉ်ကျေးမှု ကွဲပြားခြား နားမှုကို နားလည်ပေးခြင်း တို့ကို လုပ်ဆောင် ကြပြီး ကံကြမ္မာ အကျိုးတူ အသိုက်အဝန်းနှင့် တာဝန်ယူမှု အကျိုးတူ အသိုက် အဝန်း တည်ဆောက်သွားခြင်း ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117