Connect with us

Economy

တရုတ်-တောင်ကိုးရီးယား နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် (FTA) စာချုပ် ချုပ်ဆို

တရုတ် နိုင်ငံ ကုန်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဂေါင်းဟူချိန် (ဘယ်) နှင့် တောင်ကိုးရီးယား နိုင်ငံ (MOITE) ဝန်ကြီး Yoon Sang-jick (ညာ) တို့မှ တရုတ်-တောင်ကိုးရီးယား နှစ်နိုင်ငံ (FTA) စာချုပ် လက်မှတ် ရေးထိုး နေစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ ဇွန် ၁ ရက် (ဆင်ဟွာ)

တောင်ကိုးရီးယား နိုင်ငံ၏ မြို့တော် ဆိုးလ် တွင် ဇွန်လ ၁ ရက်နေ့က “ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံတော် အစိုးရ နှင့် တောင်ကိုးရီးယား နိုင်ငံ အစိုးရ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် (FTA) ” စာချုပ် လက်မှတ် ရေးထိုးခြင်း ပြုလုပ် ခဲ့ကြသည်။

တရုတ် နိုင်ငံ ကုန်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဂေါင်းဟူချိန် (Gao Hucheng) နှင့် တောင်ကိုးရီးယား နိုင်ငံ စက်မှု ၊ ကုန်သွယ်ရေး နှင့် စွမ်းအင် ဝန်ကြီးဌာန (MOITE) ဝန်ကြီး Yoon Sang-jick တို့မှ နှစ်နိုင်ငံ အစိုးရ ကိုယ်စား လက်မှတ် ရေးထိုး ခဲ့ကြသည်။

တရုတ်-တောင်ကိုးရီးယား FTA စာချုပ် သည် လက်ရှိ တရုတ် နိုင်ငံ မှ ပြည်ပ နိုင်ငံ များ နှင့် ချုပ်ဆိုသည့် စာချုပ် များအနက် လွှမ်းခြုံမှု အတိုင်းအတာ အကျယ်ပြန့် ဆုံး နှင့် ကုန်သွယ်မှု ပမာဏ အများဆုံး ဖြစ်သည့် FTA စာချုပ် ဖြစ်သည်။ တရုတ်-တောင်ကိုးရီးယား နှစ်နိုင်ငံ အကျိုး ဖြစ်ထွန်း စေမည့် သဘောတူညီမှု တစ်ခု ဖြစ်ပြီး အရည်အသွေးမြှင့်ခြင်း ၊ အကျိုးအမြတ် ချိန်ခွင် မျှသခြင်း ၊ ဘက်စုံမှု ရှိခြင်း စသည့် ရည်ရွယ်ချက် များကို လည်း အကောင်အထည် ဖော်နိုင်မည် ဖြစ်သည်။ သဘောတူညီမှု အရ နှစ်နိုင်ငံ ကုန်ပစ္စည်း ကုန်သွယ်ရေး လွတ်လပ်ခွင့် အချိုးသည် စုစုပေါင်း အခွန်ကောက်ယူမှု ၏ ၉၀ ရာခိုင်နှုန်း အထက် ကို ကျော်လွန် မည် ဖြစ်ပြီး ကုန်သွယ်မှု ပမာဏ ၏ ၈၅ ရာခိုင်နှုန်း ဖြစ်သည်။ သဘောတူညီမှု များတွင် ကုန်ပစ္စည်း ကုန်သွယ်ရေး ၊ ဝန်ဆောင်မှု ကုန်သွယ်ရေး ၊ ရင်းနှီးမြှုပ်နှံမှု နှင့် စည်းကမ်း သတ်မှတ် ချက် စသည့် ကဏ္ဍ ၁၇ ခု ပါဝင် ပြီး လျှပ်စစ် ပစ္စည်း ကုန်သွယ်ရေး ၊ ပြိုင်ဆိုင်မှု နည်းဗျူဟာ ၊ အစိုးရ ဝယ်ယူမှု ၊ သဘာဝ ပတ်ဝန်းကျင် စသည့် ၂၁ ရာစု ကုန်သွယ်ရေး အချက်များ ပါဝင် ခဲ့သည်။ နှစ်နိုင်ငံ အနေဖြင့် သဘောတူညီမှု စာချုပ် ချုပ်ဆို ပြီးနောက် Negative List mode ဖြင့် ဆက်လက် ၍ ဝန်ဆောင်မှု ကုန်သွယ်ရေး ဆွေးနွေးမှု များ ပြုလုပ်သွားမည်သည်။ Post-Establishment National Treatment ကို အခြေခံ ပြီး Negative List mode ဖြင့် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေး သွားမည် ဖြစ်သည်။ (Xinhua)