ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) ၌ လာရောက်လုပ်ငန်းလုပ်ကိုင်ကာ ယင်းဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် “တစ်နိုင်ငံ စနစ်နှစ်မျိုး” မူဝါဒတို့မှ ရရှိလာသော အကျိုးကျေးဇူးများကို မျှဝေခံစားကြရန် ကမ္ဘာတစ်ဝန်းမှ စီးပွားရေးလုပ်ငန်းများကို တရုတ်နိုင်ငံက ကြိုဆိုဖိတ်ခေါ်လျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဇန်နဝါရီ ၂ ရက်၌ ပြောကြားခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင်...
ကူမင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ဇန်နဝါရီ ၂ ရက်တွင် လတ်ဆတ်သော သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များအပြည့်တင်ဆောင်ထားသော တရုတ်-လာအို မီးရထားလမ်း နိုင်ငံတကာ ကုန်စည်သယ်ယူပို့ဆောင်ရေး မီးရထားတစ်စင်းသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ ဝမ်းကျားရင် အနောက်ဘူတာမှ လာအိုနိုင်ငံသို့ ခရီးစတင်ခဲ့သည်။
မူဝါဒများကို ထိထိရောက်ရောက် အကောင်အထည်ဖော်ကာ ယခုနှစ်၌ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစကောင်းအောင် ကြိုးပမ်းအားထုတ်ကြရန် တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ဆန်းတုန်းပြည်နယ် ကျိနန်မြို့သို့ သွားရောက်စစ်ဆေးစဥ်အတွင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က တိုက်တွန်းခဲ့သည်။ မူဝါဒများကို တတ်နိုင်သမျှ အဆောလျင်ဆုံး အကောင်အထည်ဖော်ရေး၊ စီမံကိန်းများ လျင်လျင်မြန်မြန် တိုးတက်ဖြစ်ထွန်းရေး၊ စီမံချက်များမှ ထင်သာမြင်သာသော...
ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံများဖြစ်သည့် အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးမောင်းနှင်ရာ၌ အဓိက အခန်းကဏ္ဍတွင် မုချ ပါဝင်နေသည့်အလျောက် နိုင်ငံအများအပြားမှ ကျွမ်းကျင်သူများနှင့် စီးပွားရေးပညာရှင်များက တရုတ်-အမေရိကန် စီးပွားရေးဆိုင်ရာ ဆက်ဆံရေး ခိုင်မာအားကောင်းခြင်း၏ အရေးပါပုံကို အလေးထားပြောဆိုလျက်ရှိသကဲ့သို့ ယင်းသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါသည်ဟုလည်း ယူဆလျက်ရှိသည်။...
တရုတ်နိုင်ငံဘက်ခြမ်း၊ ချိုမိုလန်းမားတောင် (ဧဝရက်တောင်) သို့ လာရောက်လည်ပတ်သည့် ပြည်ပခရီးသွားဦးရေမှာ ၂၀၂၄ ခုနှစ်အတွင်း ၁၃,၇၆၄ ဦး ရှိခဲ့ကာ ၂၀၂၃ ခုနှစ်က မှတ်တမ်းတင်ထားသည့် အရေအတွက်ထက် နှစ်ဆကျော်ရှိခဲ့ရာ ယင်းသည် တရုတ်နိုင်ငံအနေဖြင့် ဗီဇာမူဝါဒ ဖြေလျှော့မှုများ ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံတကာခရီးသွားကဏ္ဍ တစ်ဟုန်ထိုး တိုးတက်လာသည့် သိသာထင်ရှားသော လက္ခဏာတစ်ရပ်ဖြစ်သည်။...
တရုတ်နိုင်ငံ အနောက်ပိုင်းဒေသများကို ကမ္ဘာ့ဈေးကွက်များ အထူးသဖြင့် အာဆီယံဈေးကွက်နှင့် ချိတ်ဆက်ထားသည့် အဓိက ထောက်ပံ့သယ်ယူပို့ဆောင်ရေးကွန်ရက်တစ်ခုဖြစ်သော နိုင်ငံတကာ ကုန်းလမ်း-ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်သည် ယခုနှစ်အတွင်း ရထား-ပင်လယ်ရေကြောင်း ရထားခရီးစဉ်ပမာဏ ၁၀,၀၀၀ ပြည့်မြောက်သည့် သမိုင်းမှတ်တိုင်ကို ကျော်လွန်လာခဲ့ကြောင်း Beibu Gulf Port Group က ပြောကြားခဲ့သည်။ သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင်...
ရှေးခေတ် တရုတ်နိုင်ငံ၏ အဓိကကျသော သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခုဖြစ်ကာ နှစ်ပေါင်း ၂,၅၀၀ ကျော် သက်တမ်းရှိသည့် နိုင်ငံ၏ သမိုင်းဝင် မဟာတူးမြောင်းကြီးအား ဒေသခံများက ကောင်းမွန်စွာ ထိန်းသိမ်းကာကွယ်လျက်ရှိသည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Z1D …………………… (English Version) Protection of China’s...
ပေကျင်း၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ အဝေးပြေးလမ်းဝန်ဆောင်မှုဧရိယာ ၅,၈၀၀ ကျော်တွင် အားသွင်းတိုင်များ တည်ဆောက်ပြီးဖြစ်ကာ နိုင်ငံအတွင်းရှိ အဝေးပြေးလမ်းဝန်ဆောင်မှုနေရာ စုစုပေါင်း၏ ၉၇ ရာခိုင်နှုန်း လွှမ်းခြုံမှုရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၇ ရက်၌ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံတွင် နိုဝင်ဘာလကုန်ပိုင်းအထိ အဝေးပြေးလမ်းဝန်ဆောင်မှုဧရိယာများ၌ အားသွင်းတိုင်...
တရုတ်နိုင်ငံ၏ အကြီးဆုံးနှင့် ကမ္ဘာ့တတိယမြောက် အရှည်ဆုံးမြစ်ဖြစ်သော ယန်ဇီမြစ်၏ မြစ်မကြီးတစ်လျှောက်ရှိ ဆိပ်ကမ်းများက တရုတ်နိုင်ငံ စီးပွားရေးကြံ့ကြံ့ခံနိုင်မှု အခြေအနေကြောင့် ၂၀၂၄ ခုနှစ်အတွင်း ကုန်စည်တန်ချိန် ၄.၀၂ ဘီလီယံအထိ စံချိန်တင်လက်ခံဆောင်ရွက်နိုင်မည်ဟု မျှော်မှန်းထားသည်။ ယင်းပမာဏမှာ ရံဖန်ရံခါ တရုတ်နိုင်ငံ၏ “ရွှေရောင် သင်္ဘောတင်ပို့မှုလမ်းကြောင်း” ဟု ခေါ်ဝေါ်ကြသည့် အရှေ့-အနောက် ကုန်းတွင်းရေလမ်းကြောင်းတစ်လျှောက်...
တရုတ်နိုင်ငံအနေဖြင့် ယခုနှစ်ဆန်းပိုင်းမှစ၍ ပြည်တွင်းပြည်ပ ကုန်သွယ်မှု တစ်ပေါင်းတစ်စည်းတည်း တိုးတက်ရေးအတွက် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၂၆ ရက်၌ ပြောကြားခဲ့သည်။ ပြည်တွင်းပြည်ပ ကုန်သွယ်ရေး စည်းမျဥ်းများနှင့် စနစ်များ ချိန်ညှိခြင်းကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟဲယုံချန်းက သတင်းစာရှင်းလင်းပွဲ၌...