Connect with us

Environment, Disasters & Accidents

နှစ်သစ်ကူးတွင် ရှန်ဟိုင်း၌ လူအစုလိုက် အပြုံလိုက် တိုးဝှေ့ခြင်းကို တရုတ်သမ္မတ ချက်ခြင်း စုံစမ်းရန် တိုက်တွန်း

ရှန်ဟိုင်းတွင် ၂၀၁၅ နှစ်သစ်ကူးမတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို ကယ်ဆယ်နေပုံ (ဆင်ဟွာ)

ရှန်ဟိုင်းတွင် ၂၀၁၅ နှစ်သစ်ကူးမတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို ကယ်ဆယ်နေပုံ  (ဆင်ဟွာ)

ပေကျင်း/ရှန်ဟိုင်း၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

ရှန်းဟိုင်းတွင် နှစ်သစ်ကူး ကျင်းပနေစဉ်အတွင်း လူများ အစုလိုက် အပြုံလိုက် တိုးဝှေ့နေခြင်း၏ အကြောင်းအရင်းအား ဖော်ထုတ်စစ်ဆေးရန် တရုတ်သမ္မတ ရှီကျင့်ဖိန် (Xi Jinping) က တိုက်တွန်းခဲ့ပြီး ယခုလိုဖြစ်ရပ်မျိုး ထပ်မံ မဖြစ်ပွားရန်အတွက် ကာကွယ်ရန်လည်း ဇန်နဝါရီ ၁ ရက်နေ့က တိုက်တွန်း ပြောကြားခဲ့သည်။

ရှန်ဟိုင်းတွင် နှစ်သစ်ကူးပွဲတော် ကျင်းပသည့် ညက သေစေနိုင်လောက်သည့် လူအစုလိုက် အပြုံလိုက် တိုးဝှေ့မှုကြောင့် အနည်းဆုံး ၃၆ ဦးသေဆုံး ခဲ့သည်ဟု အာဏာပိုင်များက အတည်ပြု ပြောကြားခဲ့သည်။

ဒဏ်ရာရသူ ၇ ဦး ဆေးရုံတွင် ဆေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ရသည်။ ၄၀ ဦး ဆေးရုံတွင် ကုသမှု ခံယူနေရပြီး ၁၃ဦးမှာ အပြင်းအထန် ဒဏ်ရာ ရရှိကြောင်း မြို့တော်အစိုးရက ပြောကြားသည်။

ထိုအဖြစ်ဆိုးသည် ရှန်းဟိုင်း၏ ည ၁၁း၃၅ မိနစ် အလင်းရောင် ဖျော့ဖျော့အောက်က လူများ ပြည့်ကြပ်သည့် နေရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူ အများစုမှာ အသက်၂၀ အရွယ် လူငယ် အမျိုးသမီးများ ဖြစ်ကြသည်။ ၎င်းတို့သည် တက္ကသိုလ် ကျောင်းသူများ ဖြစ်ကြသည်ဟု ဆေးကုသပေးနေသည့် အသိုင်းအဝိုင်းက ဆင်ဟွာသို့ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.