Connect with us

China

တရုတ်နိုင်ငံတွင် 5G အခြေစိုက်စခန်း ၂.၈၄ သန်းအထိရှိလာ

ပေကျင်း၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံးနှင့် အဆင့်အမြင့်ဆုံးကွန်ရက်အခြေစိုက်စခန်း တည်ဆောက်ရေး ကြိုးပမ်းအားထုတ်လျက်ရှိသလို နိုင်ငံအတွင်း 5G အခြေစိုက်စခန်းအရေအတွက်မှာ မေလကုန်ပိုင်းအထိ ၂.၈၄ သန်းကျော်လွန်လာခဲ့ကြောင်း သိရသည်။

ပေကျင်းမြို့တွင် လက်ရှိ ကျင်းပနေသော ကမ္ဘာ့ဒစ်ဂျစ်တယ်စီးပွားရေးကွန်ဖရင့် ၂၀၂၃ အတွင်း စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဝမ်ကျန်းဖိန်က အဆိုပါသတင်းကို ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံတွင် နည်းပညာဆိုင်ရာ အဆင့်မြင့်ကွန်ရက် အခြေခံအဆောက်အအုံများစွာနှင့်အတူ မကြာသေးမီနှစ်များအတွင်း ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန်မြှင့်တင်လျက်ရှိသည်။

တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးပမာဏသည် ၂၀၂၂ ခုနှစ်တွင် ယွမ် ၅၀.၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆.၉၃ ထရီလီယံခန့်) တိုးတက်လာခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံအတွင်း ဒစ်ဂျစ်တယ်စီးပွားရေးရှယ်ယာမှာ ၄၁.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ယင်းမှာ တည်ငြိမ်သောတိုးတက်မှုနှင့် အသွင်ပြောင်းလဲမှုအတွက် အရေးပါသောမောင်းနှင်အား တစ်ခုဖြစ်သည်။

“အချက်အလက်က မောင်းနှင်သော ဖွံ့ဖြိုးတိုးတက်မှု၊ အသိဉာဏ်ကဦးဆောင်သော အနာဂတ်” ဟူသော ခေါင်းစဉ်ဖြင့် ကမ္ဘာ့ဒစ်ဂျစ်တယ်စီးပွားရေးကွန်ဖရင့် ၂၀၂၃ ကို ဇူလိုင် ၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်း ဒစ်ဂျစ်တယ်စီးပွားရေးအတွက် ပွင့်လင်းသော ဆန်းသစ်တီထွင်မှုကွန်ရက်တစ်ခု တည်ဆောက်ရန် အဆိုပြုထားကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)

China home to 2.84 mln 5G base stations
BEIJING, July 6 (Xinhua) — The number of 5G base stations in China exceeded 2.84 million by the end of May amid the country’s efforts to build the world’s largest and most advanced network infrastructure.
The news was revealed by Wang Jiangping, vice minister of industry and information technology, during the ongoing Global Digital Economy Conference 2023 held in Beijing.
With more technologically-advanced network infrastructure, China has been accelerating the development of the digital economy in recent years.
The scale of China’s digital economy grew to 50.2 trillion yuan (about 6.93 trillion U.S. dollars) in 2022. The share of the digital economy in the country’s GDP rose to 41.5 percent, making it an important engine for stable growth and transformation.
Themed “Data Drives Development, Intelligence Leads the Future,” the Global Digital Economy Conference 2023 will conclude on Friday, proposing to build an open innovation network for the digital economy across the world.
Photo: This undated file photo shows a staff member installing equipment on a 5G base station in northwest China’s Xinjiang Uygur Autonomous Region.(Xinhua)